လီဗာပူးက ထွက်တော့မည့် ဂျရတ် ဆုံးဖြတ်ချက် အသင်းသားများ အံ့အားသင့်စေခဲ့

968
အသင်းခေါင်းဆောင် စတီဗင် ဂျရတ် လီဗာပူးကနေ ထွက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အသင်းသားတွေကြားမှာ အကြီးအကျယ် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။
အသက် ၃၄ နှစ်အရွယ် ဂျရတ်ဟာ ဒီနှစ်ရာသီအကုန်မှာ လီဗာပူးကနေ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားသလို စာချုပ်သက်တမ်းလည်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျရတ်ဟာ လီဗာပူးမှာ ၂၅ နှစ်တာ ကစားသမားဘ၀ကို စွန့်ခွာပြီး အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာ မှာပါ။
“ဂျရတ် ထွက်ခွာမယ့် သတင်းက မယုံနိုင်စရာပါပဲ။ ကျနော်တို့ သတင်းစာတွေ ဖတ်မှ သိရတာပါ။ သူ့အနေနဲ့ စာချုပ်သက်တမ်း တိုးမလားတော့ မသိပါဘူး။ ဒါပေမယ့် လူတိုင်း နားလည်ထားတာက အရာရာက ပြီးသွားပါပြီ”လို့ ကွင်းလယ်သမား အန်ဒါဆန်က ပြောပါတယ်။
ဂျရတ်ဟာ လီဗာပူးအတွက် ပွဲပေါင်း ၆၉၅ ပွဲမှာ ဂိုးပေါင်း ၁၈၀ သွင်းပေးထားပါတယ်။ သူဟာ အသင်းအတွက် အဓိကကျတဲ့ ဆုဖလားတွေဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေနဲ့ အက်ဖ်အေဖလားတွေကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားကိုတော့ ရယူနိုင်ခြင်း မရှိသေးပါဘူး။