A d v e r t i s e m e n t With Us

အင်ဒိုနီးရှားလေယာဉ်ပျောက်ရှာဖွေရေးအဖွဲ့ ယမန်နေ့အထိ အလောင်း ၃၀ ဆယ်ယူထား

အင်ဒိုနီးရှားခေါင်းဆောင်တဲ့ လေယာဉ်ပျောက်ရှာဖွေရေးအဖွဲ့က ဂျာဗားပင်လယ်မြောက်ပိုင်း ရေမိုင် ၁၅၇၅ စတုရန်းမိုင်နေရာကို အာရုံစိုက်ရှာဖွေနေပြီး ဇန်န၀ါရီ ၂ ရက်နေ့အထိ အလောင်း ၃၀ ရရှိထားပြီလို့ အင်ဒိုနီးရှားအရာရှိတွေက ပြောပါတယ်။ Indonesian military carry the caskets containing the bodies of two AirAsia flight QZ8501 passengers recovered off the coast of Borneo at a military base in Surabayaသင်္ဘောနဲ့ လေယာဉ်တွေ ဘော်နီယိုကျွန်းကမ်းလွန်ပင်လယ်မှာ အဲအေးရှလေယာဉ်ပျက်ကို ရှာနေပေမယ့် ဆိုးရွားတဲ့ ရာသီဥတုကြောင့် လေယာဉ်ကိုရော ပျံသန်းမှုမှတ်တမ်း သေတ္တာနက်ကိုပါ ရှာဖွေရေး နှောင့်နှေး နေပါတယ်။ အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ခေါင်းဆောင် Fransiskus Bambang Soelistyo က ရှာဖွေရေး နှောင့်နှေးမှုကို ရှောင်ရှားဖို့ ဆီပြန်ထည့်ရတဲ့ အချိန်သက်သာအောင် သင်္ဘော တွေနဲ့ လောင်စာဆီတင် သင်္ဘောတွေပါ ပို တိုးပြီး တာဝန်ချထားတယ်လို့ မြို့တော် ဂျကာတာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုင်ငံပေါင်းစုံရှာဖွေရေးအဖွဲ့ အခြေစိုက်ရာ ဖန်ကလန်ဘန်မြို့ကို ဇန်န၀ါရီလ ၂ ရက်နေ့က လေယာဉ်ပျက်ကျမှုအားလုံးကို စစ်ဆေးတဲ့ ပြင်သစ်ပညာရှင်တွေ လာရောက် ခဲ့ပါတယ်။ ဒါပေမယ့် လှိုင်းကြမ်းလွန်းလို့ပညာရှင်တွေရဲ့ နည်းပညာတွေနဲ့ ကိရိယာတန်ဆာပလာတွေ ကို သုံးလို့မရနိုင် ဖြစ်ခဲ့ပါတယ်။  ဒါပေမယ့် အင်ဒိုနီးရှား အမေရိကန်နဲ့ စင်ကာပူ ရေတပ်တို့က ရေငုပ်သင်္ဘော ဖျက်သင်္ဘောတွေမှာ ပါတဲ့ ဆိုနာနည်းပညာကို သုံးပြီး ပင်လယ်ကြမ်းပြင်ကို ပိုက်စိပ်တိုက် ရှာနေပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်း ကိုတော့ မရှင်းပြနိုင်သေးပါဘူး။ လူ ၁၆၂ ယောက်ကို တင်ဆောင်ထားတဲ့ အဲအေးရှလေကြောင်းလိုင်းပိုင် QZ8501 လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့  ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းစဉ်ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ အင်ဒိုနီးရှား  ၁၅၅ယောက် တောင်ကိုရီးယား ၃ယောက် စင်ကာပူ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံသား တယောက်စီပါပြီး ပူးတွဲလေယာဉ်မှူးကတော့ ပြင်သစ်လူမျိုးဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up