A d v e r t i s e m e n t With Us

အဲအေးရှားလေယာဉ်ကို ရေအောက်ကြမ်းပြင်အထိ ရှာဖွေရေးများ ပြုလုပ်

ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့ အဲအေးရှားလေယာဉ်ကို ရှာဖွေရန် ရေအောက် ရှာဖွေရေး လုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့ ပြင်သစ်အဖွဲ့တွေက ရှာဖွေရေးလုပ်ငန်းသုံး ကိရိယာတွေနဲ့ လေယာဉ်ရဲ့ Black Box လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကရိယာက အချက်ပြတဲ့ လှိုင်းတွေကို ဇန်န၀ါရီ ၂ ရက်နေ့မှာ ရှာဖွေသွားမှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ AirAsiaလေယာဉ်ပျောက်ရှာတဲ့ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးဝါးနေပြီး ဒီနေ့မှာတော့  ပင်လယ်ရေပြင် အမြင့်ပေဟာ ၁၃ ပေလောက် အထိ ရှိနေပါတယ်။ ခရီးသည်နဲ့ လေယာဉ် ၀န်ထမ်း စုစုပေါင်း ၁၆၂ ယောက်ကို တင်ဆောင်လာတဲ့ Airbus A320 အမျိုးအစား လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာကနေ စင်ကာပူကို ပျံသန်းရင်း ပျက်ကျခဲ့တာ ဂျာဗားပင်လယ်ပြင်မှာ ပျက်ကျသွားခဲ့တာပါ။ အခုအချိန်ထိ အသက်ရှင် ကျန်သူရစ်တွေ ရှိနိုင်တဲ့ဆိုတဲ့ အထောက်အထားတွေကို မတွေ့ရသေးဘဲ အလောင်း ၁၆ လောင်းကို တွေ့ရှိထားတယ်လို့  ဆိုပါတယ်။ ဇန်န၀ါရီလ ၁ ရက်နေ့က သင်္ဘော ၁၉ စီး ရဟတ်ယာဉ်လေးစီးနဲ့ လေယာဉ်ငါးစီးတို့ အကျယ် ၅၂၀၀ စတုရန်းမိုင်ရှိတဲ့နေရာကို ရှာခဲ့တယ်လို့ အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ခေါင်းဆောင် က ပြောဆိုထားပါတယ်။ လောလောဆယ်တော့ ပျက်ကျတဲ့နေရာလို့ သံသယရှိတဲ့ နေရာနားက ခရီးဆောင် သေတ္တာတလုံး အရေးပေါ်လျှောဆင်းတဲ့ လျှောတခုနဲ့အသက်ကယ်ဝတ်စုံတခုကို ရှာတွေ့ထားပါတယ်။ လေယာဉ်ပေါ်မှာ ပါတဲ့ ခရီးသည်တွေထဲမှာ အင်ဒိုနီးရှားတွေ အများစု ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up