A d v e r t i s e m e n t With Us

ခေတ်သစ် ကျွန်ပြုမှုနှင့် လူကုန်ကူးမှုကို တိုက်ဖျက်ကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘာသာတရားနဲ့ ယဉ်ကျေးမှုတိုင်းက လူအားလုံး ညီညီညွတ်ညွတ်ဖြင့် ခေတ်သစ် ကျွန်ပြုမှုနဲ့ လူကုန်ကူးမှုကို တိုက်ဖျက်ကြဖို့ ဇန်န၀ါရီ ၁ ရက် နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ Pope Francis leaves after he celebrates the New Year mass in Vaticanဘုရားသခင်က ပေးထားတဲ့ လွတ်လပ်ခွင့်က လူတိုင်းမှာ ရှိတယ်လို့လဲ နှစ်သစ်ရဲ့ ပထမဆုံး လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ စိန့်ပီတာဘုရားကျောင်းက ဘတ်စီလီကာခန်းမထဲမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ အခမ်းအနားမှာ ခုလို ပြောတာပါ။ ဒီနှစ်အတွက် အာဘော်က ညီအကို မောင်နှမတွေက လွဲလို့ ကျွန် မရှိလို့ သတ်မှတ် ထားပါတယ်။ အရင်လက ပြောတဲ့ တရားဝင်သတင်းစကားထဲမှာလဲ အဓမ္မလုပ်သားတွေနဲ့ အလွဲသုံးစားလုပ်မှု တခြားပုံစံတွေကို သုံးပြီး ထုတ်လုပ်ထားတာ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ ဈေးနည်းတဲ့ ကုန်စည်တွေကို ရှောင်ရှားကြဖို့ ရဟန်းမင်းကြီး ဖရန်စစ်က စားသုံးသူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီမေတ္တာရပ်ခံစာကို အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဆီ ပေးပို့ ခဲ့ပါတယ်။ ဒါအပြင် ပြဿ     နာကို သတိထားမိမှု တိုးမြှင့်ရေးအတွက် ကမ္ဘာ့တလွှား ခရစ်ယာန်ဘာသာဝင် သန်း ၁၂၀၀ ရဲ့ နယ်ပယ်ကိုလည်း သတင်းစကား ပေးပို့ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံအခြေစိုက် လူ့အခွင့်အရေး အုပ်စုဖြစ်တဲ့ Walk Free Foundation က နိုဝင်ဘာက ထုတ်ပြန်တဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ကျွန်ညွှန်းကိန်းက ကမ္ဘာ့တလွှား လူ ၃၆ သန်း နီးပါးဟာ ကျွန်အဖြစ် နေရတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလူတွေဟာ မွေးရာပါ ခိုင်းဖတ် ဒါမှမဟုတ် ကြွေးမြီ ဓားစာခံတွေအဖြစ် ကာယလုပ်သားတွေနဲ့ ပြည့်တန်ဆာရုံတွေက လိင်လုပ်သားတွေအဖြစ် နေရတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up