A d v e r t i s e m e n t With Us

ဟေတီသမ္မတ နုတ်ထွက်ရန် ပြည်သူများ တောင်းဆို ဆန္ဒပြ

ဟေတီနိုင်ငံရဲ့မြို့တော် ပို့ထ်အော့ပရင့်စ်မှာ ထောင်နဲ့ချီတဲ့နိုင်ငံသားတွေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ချီတက်ရင်း သမ္မတ မစ်ရှယ် မာတယ်လီ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ Hatiအစောပိုင်းက ဆန္ဒပြမှုဟာ ငြိမ်းချမ်းမှု ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပေမယ့် အဆုံးပိုင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ဒဏ်ရာရမှု အစီရင်ခံတာတွေလည်း ရှိခဲ့ပါတယ်။ ကမ္ဘာ့အနောက်ခြမ်းက အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဟေတီနိုင်ငံဟာ ၂၀၁၀ ခုနှစ် ငလျင် ကြောင့် မြို့တော်တွင်း အပျက်အစီးအများအပြားကနေ နလံထူနေဆဲပါ။ လတ်တလော သီတင်းပတ်တွေအတွင်း မြို့အတော်များများမှာ ဆန္ဒပြသူတွေက အစိုးရက အဂတိလို်က်စားတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဖန်မီ လာဗဲလပ်စ်ပါတီက လွှတ်တော်အမတ်ဟောင်း ဂါးရတ်ဂီလပ်စ်က ဒီနေ့မှာ လူနည်းစုက ရှိသမျှ ကြွယ်ဝမှုတွေကို ဆုပ်ကိုင်ထားတာ ကျနော်တို့ မြင်ရတယ်။ လူများစုက ဒုက္ခရောက်နေဆဲပဲလို့ ပြောပါတယ်။ ဆန္ဒပြသူတွေက အမျိုးသားနန်းတော်မြေပြင်ကို သိမ်းဖို့ ကြိုးစားပေမယ့် ရဲတွေနဲ့ ထိပ်တိုက် တွေ့ခဲ့တာပါ။ ဆန္ဒပြသူ တယောက်ကတော့ မျက်ရည်ယိုဗုံးကြောင့် ခေါင်းမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သီတင်းပတ်ချီ ဆန္ဒပြပွဲတွေကြောင့် အကျပ်အတည်းကို ဖြေလျော့ဖို့ မာတယ်လီက သမ္မတ ရွေးချယ်ရေး ကော်မရှင်ရဲ့ ထောက်ခံချက်ကို လက်ခံအပြီး ဝန်ကြီးချုပ် လော်ရန် လာမိုတီ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ကတော့ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်တို့ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ လွှတ်တော် ၂ ရပ်ကို သက်တမ်းတိုးရေး အချက်အလက်တွေကို သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲဥပဒေကို အရင်ထုတ်ပြန်ဖို့ လိုပါတယ်။ သဘောတူညီချက်အရ အထက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်းကို စက်တင်ဘာ ၉ ရက်နေ့ထိနဲ့ အောက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်းကို ဧပြီ ၂၄ ရက်နေ့ထိ သက်တမ်း တိုးမှာပါ။ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲကို မကျင်းပခဲ့ရင် လွှတ်တော်ကို ဖျက်သိမ်းမှာ ဖြစ်ပြီး ဟေတီနိုင်ငံတွင်း ၂၀၁၅ နှောင်းပိုင်းမှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲ မတိုင်ခင် အစိုးရ မရှိဘဲ ဖြစ်နေနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up