A d v e r t i s e m e n t With Us

အစိုးရနှင့် ကျောင်းသားတပ်မတော် တွေ့ဆုံ ဆွေးနွေး

ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အဖွဲ့နဲ့ ရဲဘော်သံခဲဦး ဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (အေဘီအက်စ် ဒီအက်ဖ်) တို့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ ကျောင်းသားတပ်မတော်ရဲ့ နိုင်ငံရေးသဘောထားကို ဆွေးနွေးသလို၊ နှစ်ဘက်အကြား စာချုပ်တွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရဲဘော်သံခဲ က ပြောပါတယ်။ ABSDF and MPC met NPT 02012015(2“၂၀၁၅ ဟာ ကျနော်တို့ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ တိုင်းပြည်ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းတဲ့ နည်းလမ်းဟာ အကောင်းဆုံးဖြစ်တယ်။ တွေ့ဆုံဆွေးနွေးတာနဲ့အတူ တည်ငြိမ်ပြီး အားလုံး ယုံကြည်စိတ်ချ လက်ခံနိုင်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်တခု ဖန်တီးနိုင်ရေးဟာ တာဝန်တခု အနေနဲ့ ကျနော်တို့ အားလုံး ၀ိုင်းဝန်းဆောင်ရွက်နိုင်ရေးကိုလည်း တိုက်တွန်းခဲ့ပါတယ်။” နေပြည်တော်မှာ လွတ်လပ်ရေးနေ့ ကျင်းပမယ့် ဗိုလ်ရှုသဘင် အခမ်းအနားကို ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ ဒုဥက္ကဋ္ဌကိုမျိုးဝင်းတို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဗိုလ်ရှုသဘင် အခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတနဲ့ တွေ့ဆုံပွဲမှာ ကျောင်းသားတပ်မတော်ခေါင်းဆောင် ၂ ဦး တက်ရောက်မှာ ဖြစ်ပါတယ်။ ရဲဘော်သံခဲက “သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ့ပြီး ကျနော်တို့က ကျနော်တို့ အမြင်ကို ချပြတဲ့အနေအထားဆိုတဲ့အခါကျတော့ ဗမာပြည်နိုင်ငံရေး အခြေအနေ ကို အဖြေရှာနိုင်မယ့် အခင်းအကျင်းတော့ မဟုတ်ဘူးဗျ၊။ မိမိအမြင်တွေကို ချပြတဲ့ အခင်း အကျင်းတခုလောက်ပဲလို့ ကျနော် ယူဆပါတယ်။” မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ၂၀၁၃ ခုနှစ် သြဂုတ်လက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။ သမိုင်းဝင် ၈ လေးလုံး လူထုအုံကြွမှုအပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up