အာဖဂန်စစ်တပ် ပစ်ခတ်မှုကြောင့် မင်္ဂလာဆောင် တက်ရောက်လာသည့် လူ ၂၀ ကျော် သေဆုံး

1K
အာဖဂန်နစ္စတန်စစ်တပ်က မော်တာနဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံတောင်ပိုင်း ဟဲလ်မန်းဒ်ခရိုင်ထဲက မင်္ဂလာ ဆောင်ကိုတက်ရောက်လာတဲ့ အရပ်သား အနည်းဆုံး အယောက် ၂၀ ကျော် သေဆုံးပြီး တခြားလူတွေ ဒဏ်ရာ ရတယ်လို့ ခရိုင်အရာရှိတွေက ဇန်န၀ါရီလ ၁ ရက်နေ့က ပြောပါတယ်။
အာဖဂန်အမှတ် ၂၁၅ တပ်ဖွဲ့ ဒုစစ်ဦးစီးမှူး ဗိုလ်ချုပ်မာမွတ်က ဒီဇင်ဘာ ၃၁ ရက်နေ့က မင်္ဂလာဆောင်ကျင်းပရာ စံဂင်ခရိုင်ကရွာကို အမြောက်တပ်က ဦးတည်ချက် ၃ ခုကို ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ဟဲလ်မန်းဒ်ခရိုင် ဒုအုပ်ချုပ်ရေးမှူးကလည်း မတော်တဆမှုကို အတည်ပြုပါတယ်။ ခရိုင်ဒုရဲချုပ် ကတော့ စစ်တပ်ဘက်က မော်တာနဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အရပ်သား၂၆ယောက်သေဆုံးပြီး ၄၁ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။ ၂၀၁၄ခုနှစ်မှာ တာလီဘန်တွေနဲ့ အာဖဂန်စစ်တပ်ကြား မြေပြင်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုရဲ့ အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်။
မြေပြင်မှာ ထောင်ထားတဲ့ ဗုံးတွေက အရပ်သားအများစုကို သေဆုံးစေခဲ့တာပါ။ အရပ်သား ၃၁၃၃ ယောက်သေဆုံးပြီး ၂၀၁၁ က စံချိန်တင်ထားတဲ့ အရပ်သားသေဆုံးမှုကို စံချိန်ချိုးခဲ့ပါတယ်။