A d v e r t i s e m e n t With Us

အစ္စရေးအာဏာရ လီကွတ်ပါတီခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ် နေတန်ယာဟုကို ထပ်မံရွေးချယ်

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အာဏာရ လီကွတ်ပါတီခေါင်းဆောင်အဖြစ် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့က ထပ်မံအရွေးခံခဲ့ရပါတယ်။ netanyahu-(1)မဲရလဒ် ၈၀ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ်အနိုင်ရလိုက်တာကြောင့် လာမယ့် မတ် ၁၇ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၃ နှစ်ဆက်တိုက် ၀န်ကြီးချုပ် သက်တမ်းအတွက်နဲ့ ၄ ကြိမ်မြောက် အစ္စရေးဝန်ကြီးချုပ်ရာထူးအတွက် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားတာလည်း ဖြစ်ပါတယ်။ ပုံမှန်တော့ အစ္စရေးနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲတွေကို လာမယ့် ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ဖြစ်ပေမယ့် အာဏာရညွန့်ပေါင်းပါတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းက ဖျက်သိမ်းခဲ့ရတာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်လာရတာပါ။ နေတန်ယာဟုဟာ ၂၀၀၉ ခုနှစ်ကတည်း ဆက်တိုက် အစ္စရေးဝန်ကြီးချုပ် ဖြစ်လာခဲ့တာ ဖြစ်ပြီး ၁၉၉၆ နဲ့ ၁၉၉၉ အတွင်းကလည်း ၀န်ကြီးချုပ် တကြိမ် ဖြစ်ခဲ့ပါသေးတယ်။ နေတန်ယာဟုရဲ့ တဦးတည်းပြိုင်ဖက် ဒန်နီ ဒနွမ် ကတော့ မဲရလဒ် ၂၀ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ လီကွက်ပါတီကိုယ်စားလှယ်လောင်းတွေကိုပါ တလက်စထဲ ရွေးချယ် နိုင်ခဲ့တာကြောင့် အောင်မြင်တဲ့ ပါတီရွေးကောက်ပွဲလို့ နေတန်ယာဟုက ပြောဆိုပါတယ်။ အစ္စရေးနိုင်ငံကို လက်ဝဲသမားတွေ ရန်ကနေ ကာကွယ်နိုင်ဖို့၊ သူနောက်တကြိမ် ၀န်ကြီးချုပ်အဖြစ် ပြန်အရွေးခံရဖို့ အထောက်အကူဖြစ်လာမယ့် ပါတီကိုယ်စားလှယ်စာရင်းကိုပါ ရွေးချယ်နိုင်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up