
၂၀၁၄ ခုနှစ်ဟာ ဆီးရီးယားပြည်တွင်းစစ် ၄ နှစ်တာကာလအတွင်း လူသေဆုံးမှု အများဆုံး နှစ်ဖြစ်ခဲ့တယ်လို့ အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
သေဆုံးသူအားလုံး ၇၆၀၂၁ ယောက်သေးဆုံးခဲ့ပြီး အဲဒီထဲက တ၀က်လောက်ဖြစ်တဲ့ ၃၃၀၀၀ ဟာ အရပ်သားတွေဖြစ်ပြီး ၃၅၀၀ ကျော် ကတော့ ခလေးတွေဖြစ်တယ်လို့ ဇန်န၀ါရီလ ၁ နေ့က ထုတ်ပြန်တဲ့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
ဆီးရီးယားပြည်တွင်းစစ်ဟာ ၂၀၁၁ က သမတအာဆက်ကို ဖြုတ်ချဖို့ ဒီမိုကရေစီလူထုဆန္ဒပြပွဲနဲ့ စတင်ခဲ့ပြီး ၄ နှစ်ကြာကာလအတွင်း လူ ၂ သိန်းလောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။
၂၀၁၅ နှစ်သစ်ထဲချင်းနှင်း ၀င်ရောက်လာပြီဖြစ်ပေမယ့် ဘယ်ဖက်ကမှ ပြတ်ပြတ်သားသားအနိုင်ရတယ်ဆိုတာလည်း မရှိသေးပါဘူး။
ရှေ့လျောက် ပြည်တွင်းစစ်ဟာ ပိုရှည်ကြာလာပြီး ခက်ခဲလာလိမ့်မယ်လို့ သမ္မတ အာဆက်က ပြီးခဲ့တဲ့လက ပြောဆိုခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ ညပိုင်းက Damascus မြို့ပြင် ရှေ့တန်းစစ်တနေရာကိုသွားရောက်ခဲ့ပြီး အကြမ်းဖက်မှုကို ရွပ်ရွပ်ချွံချွံတွန်းလှန်နေတဲ့ တပ်သားတွေကို သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။
သမ္မတ အာဆက်ဟာ ဆီးရီးယားတပ်မတော်ရဲ့ စစ်ဦးချုပ်လည်းဖြစ်ပြီး ပြည်တွင်းစစ်ကာလအတွင်း မီဒီယာမှာ သိပ်ထွက်လေ့မရှိခဲ့ပါဘူး။ သမ္မတ အာဆက်က အကြမ်းဖက်တွေကို တွန်းလှန်ရင်း အသက်ပေးခဲ့သူတွေကို ဂုဏ်ပြုခဲ့ပြီး ဒဏ်ရာရစစ်သားတွေလည်း အမြန်ဆုံးဒဏ်ရာသက်သာပျောက်ကင်းဖို့ ဆုမွန်ကောင်းတောင်းခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။