Live
Home
မြန်မာသတင်း
ကျောက်မဲတွင် အစိုးရ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး
DVB
·
January 2, 2015
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ က အစိုးရစစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူနဲ့ သေဆုံးသူတွေ ရှိခဲ့ပါတယ်။ [caption id="attachment_75780" align="alignright" width="419"]အစိုးရတပ် စစ်ကြောင်းကားများ တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Military) အစိုးရတပ် စစ်ကြောင်းကားများ တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Military)[/caption] မန္တလေးတပ်သားစုဆောင်းရေးတပ်က တပ်သားသစ်တွေကို လားရှိုးမြို့နယ် ကုန်းညောင်စစ်သင်တန်းကျောင်းကို ပို့ဆောင်ဖို့အသွား ကျောက်မဲမြို့နယ် လုံဝယ်ကျေးရွာ ဘုန်းကြီးကျောင်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျဝန်ထမ်းက ပြောပါတယ်။ “၃၀ ရက်နေ့ ညနေ ၅ နာရီလောက်က အဲဒီလမ်းပေါ်မှာ အစိုးရယာဉ်တန်း ၅ စီး ဖြတ်လာပါတယ်။ လုံဝယ်ဘုန်းကြီးကျောင်းနားရောက်တော့ စတုတ္ထမြောက်ယာဉ်က ဆွဲမိုင်းနဲ့ အတိုက်ခံရတယ်။ တပ်သားသစ် ၆ ယောက် ဒဏ်ရာရတယ်။ ၄ ဦးက ပြင်ဦးလွင် တပ်မတော်ဆေးရုံမှာ တင်ထားပြီး၊ ၂ ဦးကတော့ လားရှိုးတပ်မတော်ဆေးရုံ တင်ထားရ ပါတယ်။ ပြင်ဦးလွင်ဆေးရုံမှာ အသက် ၂၀ ကျော် တပ်သားတစ်ဦးကတော့ ၃၁ ရက်နေ့ ညနေ ၃ နာရီမှာ ဆုံးသွားပြီလို့ ပြောပါတယ်ခင်ဗျ။” ဒီခြုံခိုတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်လည်းဆိုတာ မသိရသလို ရဲစခန်းအနေနဲ့ အမှုဖွင့်အရေးယူထားတာလည်း မရှိဘူလို့ ၀န်ထမ်းက ဆက်ပြောပါတယ်။ အဲဒီမတိုင်ခင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ကျောက်မဲမြို့ လူစည်ကားရာနေရာမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်လို့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။ တပတ်အတွင်း ခုလိုတိုက်ခိုက်ခံရမှု ၂ ကြိမ် ဖြစ်ပွားခဲ့တဲ့အတွက် ကျောက်မဲခရိုင်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ စစ်တပ်တို့ ပူးပေါင်းပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ရဲတပ်ဖွဲ့ရုံးဝန်ထမ်းက ပြောပါတယ်။ ကျောက်မဲခရိုင်ထဲမှာ တီအဲန်အယ်လ်အေ (တအာင်းပလောင်တပ်ဖွဲ့)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024