A d v e r t i s e m e n t With Us

အဲအေးရှားလေယာဉ်ရှာဖွေရေး ယမန်နေ့အထိ အလောင်း ၉ လောင်း ရှာတွေ့

အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးအရာရှိတွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့အထိ အလောင်း ၉ လောင်း ရှာတွေ့ထားပြီလို့ ပြောပါတယ်။ Airasia planeအဲအေရှားလေကြောင်းလိုင်းပိုင် QZ8501 လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းစဉ်ပျက်ကျခဲ့တာပါ။ အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ခေါင်းဆောင် ဖရန့်စစ်ကော့စ် ဘန်ဘောင် စိုးလစ်စ်ယို (Fransiskus Bambang Soelistyo)က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ပင်လယ်ထဲ ပျက်ကျခဲ့တဲ့လေယာဉ်ရဲ့ တည်နေရာကို အတည်မပြုရသေးဘူးလို့ ဂျကာတာမြို့တော်မှာ လုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။ အဲဘတ်စ် A320-200 အမျိုးအစား လေယာဉ်ဟာ လူ ၁၆၂ ယောက်ကို တင်ဆောင် ပျံသန်းနေတုန်း ပျက်ကျခဲ့တာပါ။  ဇန်န၀ါရီ ၁ ရက်နေ့က ဘော်နီယိုကျွန်းနား ကမ်းလွန်မှာ အဲအေရှား အင်ဒိုနီးရှားရဲ့ လေယာဉ်ပျက်ဖြစ်နိုင်ချေကို စစ်ဆေးဖို့ ရေငုပ်သမားတွေ စီစဉ်ခဲ့ပေမယ့် ပင်လယ်လှိုင်း ကြမ်းတမ်းနေလို့ စောင့်နေခဲ့ရပါတယ်။ လေကြောင်းအရာရှိတယောက်ကတော့ လေယာဉ်ပျံသန်းမှုမှတ်တမ်း သေတ္တာနက်ကို တွေ့ဖို့ သီတင်းပတ် ၁ ပတ်လောက် ကြာနိုင်တယ်လို့ ပြောပါတယ်။ ဇန်န၀ါရီ ၁ ရက်နေ့က သင်္ဘော ၁၉ စီး၊ ရဟတ်ယာဉ် ၄ စီးနဲ့ လေယာဉ် ၅ စီးတို့ အကျယ် ၅၂၀၀ စတုရန်းမိုင်ရှိတဲ့နေရာကို ရှာခဲ့တယ်လို့ စိုးလစ်စ်ယိုက ပြောပါတယ်။ ရေငုပ်သမား ၄၇ ယောက်က ရေငုပ် စစ်ဆေးဖို့အဆင်သင့် ဖြစ်နေကြပါပြီ။ လောလောဆယ်တော့ ပျက်ကျတဲ့နေရာလို့ သံသယရှိတဲ့ နေရာနားက ခရီးဆောင်သေတ္တာ ၁ လုံး အရေးပေါ်လျှော့ဆင်းတဲ့ လျှောတခုနဲ့ အသက်ကယ်ဝတ်စုံတခုကို ရှာတွေ့ထားပါတယ်။ ရှင်သန်ကျန်ရစ်သူ တယောက်မှ မတွေ့သေးပါဘူး။ လူ ၇ ယောက်ကလွဲလို့ လေယာဉ်ပေါ်ပါသူအားလုံးဟာ အင်ဒိုနီးရှားနို်င်ငံသားတွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up