A d v e r t i s e m e n t With Us

စတီဗင် ဂျရတ် ဘောလုံးရာသီအကုန်တွင် လီဗာပူးအသင်းက ထွက်မည်

gerrard-reuters_2992618bလီဗာပူးအသင်းခေါင်းဆောင် စတီဗင် ဂျရတ်ဟာ ဒီနှစ်ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကွင်းလယ်သမားရဲ့ စာချုပ်သက်တမ်းကလည်း ဒီနှစ်ရာသီအကုန်မှာ ကုန်ဆုံးမှာပါ။ လီဗာပူးက ဂျရတ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကာယကံရှင်ကတော့ အမေရိကန်မေဂျာလိဂ်ကို ပြောင်းရွေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိသျှ မီဒီယာတွေမှာ ခန့်မှန်းဖော်ပြထားပါယတ်။ ဂျရတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အန်းဖီးကလပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ ဂျရတ်ဟာ လီဗာပူး ကစားသမားဘ၀ကို ၁၉၉၈မှာ စတင်ခဲ့ပြီး ၁၇ နှစ်ကြာ သက်တမ်းအတွင်းမှာ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဓိကျတဲ့ ပရီးမီးယားလိဂ်ဖလားကိုတော့ ရယူနိုင်ခဲ့ခြင်းမ မရှိပါဘူး။ သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၄ ပွဲ ကစားပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up