A d v e r t i s e m e n t With Us

တူနီးရှား သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

တူနီးရှားမှာ သမ္မတသစ်  ဘီဂျီ ကိတ် အက်ဆပ်စီ  ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျမ်းသစ္စာ ကျိမ်ဆိုပါတယ်။ ဒါဟာ ၂၀၁၁ မှာ ပြုတ်ကျသွားတဲ့ အာဏာရှင် ဘင်အလီခေတ်အလွန် တူနီးရှားမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ Tunisia's Interim Prime Minister Beji Caid Sebsi speaks during a meeting entitled "Stimulating Growth and Invesment During Transition" in Tunisအင်အလီကို လူထုဆန္ဒပြပွဲနဲ့ ဖြုတ်ချအပြီး ၄ နှစ်ကျော်အကြာမှာ သမ္မတသစ် ကျမ်းသစ္စာ ကျိမ်ဆိုတာ ဖြစ်ပါတယ်။ အသက် ၈၈ နှစ်အရွယ် သမ္မတသစ် အက်ဆပ်စီဟာ အာဏာရှင် ဘင်အလီ လက်ထက်မှာလည်း အရာရှိ ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ အစောပိုင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲ ၅၅ ရာခိုင်နှုန်းကျော် အနိုင်ခဲ့လို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ နည်းလမ်းနဲ့ တက်လာတဲ့ ပထမဆုံးသမ္မတ ဖြစ်လာပါတယ်။ သူဟာ ဘင်အလီခေတ်မှာ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး သူကတော့ သူ့ကိုယ်သူ ပညာရှင်လို့ပဲ သမုတ်ပါတယ်။ သူခေါင်းဆောင်တဲ့ အလယ်အလတ် သဘောထားရှိတဲ့ ပါတီဟာ အရေးတော်ပုံ အလွန် အစ္စလာမ္မစ်ဝါဒီ အစိုးရ လက်ထက်က မငြိမ်သက်မှုတွေကို ပြည်သူတွေက စိတ်ပျက်နေတာကို အခွင့်ကောင်းယူပြီး အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရတဲ့ မိန့်ခွန်းမှာ သူက ပြည်သူ့ သမ္မတ ဖြစ်ရမယ်လို့ ကတိပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up