A d v e r t i s e m e n t With Us

မန္တလေးတွင် ၁၁၁ လှုပ်ရှားမှု စတင်

၁ ရက် ၁ လ နေ့လည် ၁ နာရီက မန္တလေးမြို့မှာ ၁၁၁ လှုပ်ရှားမှုအဖြစ် ၃၅ လမ်း မြတောင်ကျောင်းတိုက်မှာ ဇန်န၀ါရီလ ၁ ရက်နေ့က စတင် ပြုလုပ်နေပါတယ်။ လက်ပံတောင်းတောင် အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်းအတွက် အမှန်တရားပေါ်ပေါက်ဖို့နဲ့ အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။ ပထမအကြိမ် ဆန္ဒပြပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ဗလသ၊ ဗကသ ၊ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ ACDD နဲ့ တက်ကြွလှုပ်ရှားလူများက ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အာဏာပိုင်များကို ကြိုတင်အကြောင်းကြားစာ ပို့တာမျိုးသာရှိခဲ့ပြီး ခွင့်ပြုမိန့်မယူထားဘူးလို့သိရပါတယ်။ မန္တလေး ၃၅လမ်း မြတောင်တိုက်ရှေ့ကနေပြီး ၇၈ လမ်းအတွင်း ၇၈ လမ်းမှ ၂၆ လမ်းအတိုင်း ၂၆ လမ်းမှ မြတောင်တိုက်ရှေ့ထိ လူ ၅၀၀ကျော်က ဆန္ဒထုတ်ဖော်နေတာလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲဟာ ညနေ ၃ နာရီကျော်မှာ ပြီးဆုံးခဲ့ပါတယ်။ သတင်းဓာတ်ပုံ - ဇော်ဇော်၊ ကျော်ဇေ [gallery ids="75724,75725,75723,75722,75721,75737,75738,75739,75740,75741"]

A d v e r t i s e m e n t With Us

More News
Up