A d v e r t i s e m e n t With Us

ကိုရီးယားလေကြောင်းခရီးစဉ် နောက်ကျစေခဲ့သည့် လေကြောင်းလိုင်းအရာရှိကို ထိန်းသိမ်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ဂျေအက်ဖ်ကေလေဆိပ်မှာ ကိုရီးယား လေကြောင်းခရီးစဉ်ကို နောက်ကျစေခဲ့တဲ့ အရင်ကိုရီးယားလေကြောင်းလိုင်းအရာရှိကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ Heather Cho is surrounded by media as she leaves for a detention facility after a court ordered her to be detained, at the Seoul Western District Prosecutor’s officeဂျေအက်ဖ်ကေလေဆိပ်ကနေ ကိုရီးယားနိုင်ငံကို လေယာဉ်အထွက် သူ့လို လေကြောင်းလိုင်းအရာရှိကို သာမန်ခရီးသည်လိုပဲ ဧည့်ခံရ ကောင်းလားဆိုပြီး လေယာဉ်အမှုထမ်းတွေကို ပြဿနာရှာခဲ့တာပါ။ အဲဒီနောက် လေယာဉ်ကို ပျံမတက်ခိုင်းပဲ နောက်ပြန်လှည့်ခိုင်းခဲ့တာကြောင့် လေကြောင်းအန္တရာယ်စည်းကမ်းဥပဒေ ချိုးဖောက်မှုနဲ့ အရာရှိဟောင်း ဟီးသာချို ကို တရားစွဲဆိုထားပါတယ်။ အသက် ၄၀ အရွယ် ချိုဟာ လေကြောင်းလိုင်း စီအီးအိုရဲ့ သမီးလည်းဖြစ်ပြီး သူရဲ့ မိုက်မဲတဲ့လုပ်ရပ်အတွက်လည်း ဖခင်ဖြစ်သူက တောင်းပန်ပြီး ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း သူရဲ့ လုပ်ရပ်အတွက် တောင်းပန်ခဲ့ပြီး လေယာဉ်တွင်း ၀န်ဆောင်မှု အရာရှိချုပ်ရာထူးကလည်း နုတ်ထွက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီအထောက်အထား ဖျောက်ဖျက်ခဲ့တဲ့ တခြားလေကြောင်းလိုင်း အရာရှိတဦးလည်း ဖမ်းဆီးခံထားရပါတယ်။ ကိုရီးယားလေကြောင်းလိုင်းကိုလည်း စည်းကမ်းချိုးဖောက်မှုနဲ့ ခရီးစဉ်တချို့ပိတ်ပင်ခံရရင် ခံရ၊ မခံရရင် ဒဏ်ကြေးဆောင်ရနိုင်တယ်လို့ ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အခု ဖြစ်ရပ်အပြီး ကိုရီးယားနိုင်ငံရဲ့ ချမ်းသာတဲ့မိသားစုဝင်တွေက ရသင့်ရထိုက်တာထက် ပိုပြီးအခွင့်အရေးယူတဲ့ကိစ္စဟာ ကိုရီးယားပြည်သူတွေကြားမှာ အတော်လူပြောများတဲ့ ကိစ္စတခုဖြစ်လာတယ်လို့ ကိုရီးယားသတင်းထောက်တွေက ပြောဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up