A d v e r t i s e m e n t With Us

တိုနီ ပူလစ်ကို ၀က်စ်ဘရောင်းအသင်း နည်းပြသစ် ခန့်အပ်

ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဘရောင်းအသင်းက နည်းပြသစ်ဖြစ် တိုနီ ပူလစ်ကို ခန့်အပ်လိုက်ပါတယ်။ Photo13374အသက် ၅၆ နှစ်အရွယ် တိုနီ ပူလစ်စ်ဟာ စတုတ်စီးတီးနဲ့ ခရစ်စတယ် ပဲလေ့စ်အသင်းတွေမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ ၀က်စ်ဘရောင်းက ပူလစ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ အတည်ပြု ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ၀က်စ်ဘရောင်း နည်းပြသစ် ပူလစ်စ်ဟာ နှစ်သစ်မှာ ပွဲဦးထွက်အဖြစ် အဝေးကွင်းမှာ ၀က်စ်ဟမ်းအသင်းနဲ့ပွဲကို စတင် ကိုင်တွယ်ရမှာပါ။ ၀က်စ်ဘရောင်းအသင်းဟာ လောလောဆယ် ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ကောင်းဖို့  ရုန်းကန်နေရပြီး တန်းဆင်းဇုံရဲ့ အထက် အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up