A d v e r t i s e m e n t With Us

တိုက်စစ်မှူး တော်ရက်စ် မက်ဒရစ်အသင်းတွင် ပြန်ကစားရန် လေ့ကျင့်ရေးဆင်း

Torres_Reutersတိုက်စစ်မှူး ဖာနန်ဒို တော်ရက်စ်ဟာ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်မှာ ပြန်ကစားဖို့အတွက် လေ့ကျင့်ရေး စဆင်းနေပြီ ဖြစ်ပါတယ်။ အေစီမီလန်က တိုက်စစ်မှူး တော်ရက်စ်ကို လာမယ့် ရာသီမကုန်ခင်အထိ အက်သလက်တီကို မက်ဒရစ်အသင်းဆီကို အငှားစာချုပ်နဲ့ ချထားလိုက်တာပါ။ တော်ရက်စ်ကို အသင်းဟောင်း အက်သလက်တီကိုက ပရိတ်သတ်တွေက ကြိုဆိုခဲ့ပါတယ်။ အသက် ၃၀ အရွယ် စပိန်တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ ၇ နှစ်က အက်သလက်တီကို မက်ဒရစ်အသင်းကို စွန့်ခွာလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ လီဗာပူးကို အရင်ဆုံး ရောက်ရှိခဲ့ပြီး ၂၀၁၁ မှာ ချဲလ်ဆီးကို စံချိန်တင်ပြောင်းရွေ့ကြေး ပေါင်သန်း ၅၀နဲ့ ခေါ်ယူခဲ့ပါတယ်။ တော်ရက်စ်ဟာ ချဲလ်ဆီးမှာ ပုံမှန် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အရန်ထိုင်ခုံပေါ်သာ အချိန်ကုန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးကို ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။ တော်ရက်စ်ဟာ အက်သလက်တီကိုမှာရှိစဉ် အသင်းအတွက် ပွဲပေါင်း ၂၄၄ ပွဲမှာ ၉ ၁ ဂိုး သွင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up