A d v e r t i s e m e n t With Us

၂၀၁၅ ခုနှစ်ဟာ သမိုင်းတွင်မယ့်နှစ်ဟု သမ္မတပြော

လွတ်လပ်ရေးရပြီးနောက်ပိုင်း အဓိကကျတဲ့ နိုင်ငံရေးအင်အားစုအားလုံး အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်ကြမယ့်ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တော့မှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ U Thein Seinနိုင်ငံတော်သမ္မတရဲ့ ၂၀၁၄ ခုနှစ် နိုင်ငံတော်အခြေအနေနဲ့ ပတ်သက်တဲ့ ပြည်သူသို့ အစီရင်ခံတင်ပြချက်မှာ သမ္မတက ခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ပါဝင် ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘူးလို့လည်း သမ္မတက ပြောပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ့် ပင်မနိုင်ငံရေး ဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အခြေပြုတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်တွေကို ပေါင်းစပ်နိုင်မှ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံသစ်ကို ထူထောင်နိုင်မယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။ သမ္မတက ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ်လို့ ပြောလိုက်တဲ့နေ့မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာချက်ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာမှပဲ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ ၀င်ပြိုင်၊ မပြိုင် တရားဝင်ကြေညာမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြောခဲ့ပါသေးတယ်။ သမ္မတရဲ့ ၂၀၁၄ ခုနှစ် ပြည်သူသို့အစီရင်ခံစာမှာ ၁ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ တိုးတက်ခဲ့ပြီး နိုင်ငံတကာခရီးသည် ၃ သန်းကျော် လာရောက် လည်ပတ်ခဲ့လို့ ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်အတွက် ဒေါ်လာ ၃ ဘီလီယံ ၀င်ငွေရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ စီမံကိန်းတွေလုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှု မရှိတာနဲ့ ဒေသခံတွေရဲ့ သဘောထားကို လစ်လျူရှုခဲ့တာတွေကြောင့် မြေယာပြဿ  နာတွေ ပေါ်ပေါက်ခဲ့ရတာလို့ သမ္မတက ၀န်ခံ ပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ်ထဲ နစ်နာဆုံးရှုံးရတဲ့ပြည်သူတွေ မြေယာပြန်ရဖို့ လုပ်ပေးမယ်လို့လည်း ကတိပေး ပြောကြားခဲ့ပါတယ်။ သမ္မတရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းပဋိပက္ခအကြောင်း တစွန်းတစမျှ ဖော်ပြထားတာ မတွေ့ရဘဲ ၂၀၁၅ ခုနှစ်ဟာ သမိုင်းဝင် သမိုင်းတွင်မယ့် နှစ်တနှစ်လို့ ညွှန်းဆိုဖော်ပြထားကြောင်းပါတယ်။

A d v e r t i s e m e n t With Us

More News
Up