A d v e r t i s e m e n t With Us

ရုရှားအစိုးရ အတိုက်အခံများကို နှိမ်နင်းမှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြရန် ဆော်သြ

လူစည်းကားရာနေရာများတွင် ရုရှားလုံခြုံရေးအစောင့်များ ချထားစဉ်
[caption id="attachment_75660" align="alignright" width="418"]လူစည်ကားရာနေရာများတွင် ရုရှားလုံခြုံရေးအစောင့်များ ချထားစဉ် လူစည်ကားရာနေရာများတွင် ရုရှားလုံခြုံရေးအစောင့်များ ချထားစဉ်[/caption] ရုရှအစိုးရကို ဝေဖန်သူ အလက်ဆီ နာဗိုင်လ်နီဟာ တရားရုံးက ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ ဆိုင်းငံ့ ပြစ်ဒဏ်ချမှတ်ခံရအပြီး ထောက်ခံသူတွေ လမ်းပေါ်ထွက် ဆန္ဒပြဖို့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ဆော်သြလိုက်ပါတယ်။ တရားရုံးက သူ့ရဲ့ညီအကိုတော်စပ်သူ အိုင်လခ်ကို ထောင်ဒဏ် ၃ နှစ်ခွဲ ပြစ်ဒဏ်စီရင်ခဲ့လို့ အတိုက်အခံတွေကို နှိမ်နင်းမှု အစိတ်အပိုင်းအနေနဲ့ ရှုမြင်ခံနေရပါတယ်။ နာဗိုင်လ်နီက တရားရုံးအပြင်မှာ နေရင်း ဒီလိုသြဇာမျိုးက ရှိဖို့ မထိုက်တန်ဘူး ဖျက်ဆီးသင့်တယ် အပြစ်မဲ့သူတွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ သြဇာကို မဖယ်ရှားမချင်း လမ်းပေါ်ထွက်ကြဖို့ ဆော်သြတယ်လို့ ပြောပါတယ်။ သူ့ကိုထောက်ခံသူတွေက ကရင်မလင်နန်းတော်ရှေ့က မာညက်ရှ်ရင်ပြင်မှာ ဆန္ဒပြဖို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေက ကတိပြုခဲ့ကြပါတယ်။ အလက်ဆီ နာဗိုင်လ်နီဟာ လွန်ခဲ့တဲ့ ၃ နှစ်က သမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်တဲ့လူထု ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူပါ။ ပူတင်အစိုးရနဲ့ အတွင်းစည်းထဲက လာဘ်စားမှုတွေကို ဆန့်ကျင် ဆန္ဒပြဖို့ ထောင်သောင်းချီတဲ့လူတွေဟာ မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့တွေက လမ်းတွေပေါ်ကို ထွက်ခဲ့ကြဖူးပါတယ်။ လောလောဆယ် နေအိမ်အကျယ်ချုပ်ကျနေတဲ့ နာဗိုင်လ်နီဟာ မနှစ်က တခြားစွဲချက်တခုနဲ့ ထောင်ဒဏ် ၅ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ကို စီရင်ခံခဲ့ရပြီး အကဲခတ် ဝေဖန်ရေးသမားတွေကတော့ အတုအယောင် လုပ်ဇာတ်လို့ ပြောခဲ့ကြပါတယ်။ ရဲတွေက ကရင်မလင်နန်းတော်တဝိုက်မှာ လုံခြုံရေးတွေ ချထားပါတယ် ဒါပေမယ့် မော်စကို မြို့ခံတွေကတော့ သူနဲ့ သူ့အပေါ် တရားစီရင်မှုအပေါ် သဘောထားကွဲလွဲ နေကြဆဲပါ။

A d v e r t i s e m e n t With Us

More News
Up