[caption id="attachment_60929" align="alignright" width="500"]

မြေပုံဒုက္ခသည်စခန်း[/caption]
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို နိုင်ငံသားအဖြစ် အပြည့်အ၀ သတ်မှတ်ပေးဖို့နဲ့ သူတို့တွေကို နိုင်ငံတလွှား လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတဲ့ အဆိုတရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ အတည်ပြု လိုက်ပါတယ်။
နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ဖို့ ငြင်းပယ်ခံရတဲ့ ရိုဟင်ဂျာဦးရေ ၁၃ သိန်းဟာ နိုင်ငံမဲ့ ဖြစ်နေပြီး ဘာအခွင့်အရေးမှ မရသလောက် ဖြစ်နေတာပါ။
မြန်မာအာဏာပိုင်တွေကတော့ အဲဒီလူတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် ရွှေ့ပြောင်းနေထိုင်လာသူတွေလို့ပဲ ပြောဆိုနေတာ ဖြစ်ပြီး သူတို့တွေကို ဘင်္ဂါလီတွေ လို့ပဲ တရားဝင် အုပ်စုခွဲ သတ်မှတ်ထားချင်နေပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးကို စတင်ကူးပြောင်းလာပြီးနောက် ဗုဒ္ဓဘာသာဝင်တွေနဲ့ အဓိကရုဏ်း အကြီးအကျယ် ဖြစ်ခဲ့တဲ့ နောက်မှာတော့ ရိုဟင်ဂျာတွေဟာ အခုတော့ ဒုက္ခသည်စခန်းတွေနဲ့ တားမြစ်ကန့်သတ်ထားတဲ့ ရွာတွေမှာ သီးခြားနေထိုင်နေရတာပါ။
တနင်္လာနေ့နှောင်းပိုင်းက အများသဘောတူညီချက်နဲ့ သဘောတူလက်ခံထားတဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကနေ ရိုဟင်ဂျာတွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးစတဲ့ နယ်ပယ်တွေမှာ တန်းတူခံစားခွင့် ရရှိစေဖို့နဲ့ အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံရမှုတွေရဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်တယ်လို့ မြန်မာအစိုးရကို တိုက်တွန်း ထားပါတယ်။