A d v e r t i s e m e n t With Us

ရာသီဥတုဆိုးရွားမှုကြောင့် အဲအေးရှားလေယာဉ်အပိုင်းအစများနှင့် ရုပ်အလောင်းများ ရှာရန်ခက်ခဲ

အင်ဒိုနီးရှားကမ်းလွန် ဂျားဗားပင်လယ်ပြင်မှာ ရာသီဥတုအခြေအနေ ဆိုးနေပေမယ့် အလောင်းတွေ၊ လေယာဉ် အပိုင်းအစတွေနဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် (blackbox)ကို ဒီနေ့မှာ ဆက်လက် ရှာဖွေနေပါတယ်။ AirAsiaလောလောဆယ် ကာရီမာတာ ရေလက်ကြားမှာ အလောင်းတွေကို တွေ့ရှိထားပြီး ဖြစ်သလို၊ လေယာဉ်တံခါး တချက်အပါအ၀င် တချို့အပိုင်းအစတွေကို ရှာဖွေရေး အဖွဲ့တွေက ဆယ်ယူနိုင်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ် ဘာအကြောင်းကြောင့် ပျက်ကျသွားသလဲဆိုတဲ့အကြောင်းအရင်းကို  အဖြေပေးနိုင်တဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် (Blackbox)ကိုတော့ ရှာမတွေ့သေးပါဘူး။ အစောဆုံးတွေ့ရတဲ့ အလောင်းတွေမှာ သက်ကယ်ဝတ်စုံတွေကို မတွေ့ရတဲ့အတွက် လေယာဉ် မတော်တဆမှုဟာ ကြိုတင်ပြင်ဆင်ဖို့ အချိန်မရခဲ့တဲ့ ရုတ်ချည်း အနေအထား ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ ရှာဖွေရေး အဖွဲ့ခေါင်းဆောင်က blackbox ကို ရှာဖွေ တွေ့ရှိလို့ ဆယ်ယူတဲ့ ကိစ္စကို နိုင်ငံအဆင့် ကော်မရှင်တရပ်က ဆောင်ရွက်မှာ ဖြစ်ပြီး အခု လောလောဆယ် ရှာဖွေနေတဲ့ အဖွဲ့တွေက blackbox ကို ရှာတွေ့ခဲ့ရင် နေရာကို မှတ်ထားဖို့လောက်ပဲ တာဝန်ပေးထားတယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက အလောင်းတွေကို ပြန်ရဖို့ဟာ ပထမ ဦးစားပေးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ပြောပါတယ်။ လောလောဆယ်မှာ ရှာဖွေရေးလုပ်ငန်းမှာ သင်္ဘောအစင်း ၃၀၊ လေယာဉ် ၂၁ စင်း၊ ပါဝင်ပြီး အင်ဒိုနီးရှား၊ သြစတြေးလျ၊၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့ ရှာဖွေရေးမှာ ပါဝင်နေပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ အရာရှိတွေကတော့ “ဒီကနေ့ ရာသီဥတုအခြေအနေက အဆိုးဆုံး အနေအထားမှာ ရောက်နေလို့ ရှာဖွေးရေးအစီအမံတွေကိုလည်း ပိုကောင်းအောင် စီစဉ်ထားရပါတယ်။ လေယာဉ်ဟာ ရေတိမ်ပိုင်းမှာ ပျက်ကျနေတယ်လို့ ယူဆနေပြီး ရေငုပ်သမားတွေက ရေအောက်ဆင်းပြီး ရှာဖွေမယ်”လို့ ပြောပါတယ်။ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေတဲ့ လုပ်ငန်းတွေကိုတော့ လောလောဆယ်မှာ ခဏရပ်ဆိုင်း ထားပါတယ်။ လေယာဉ် စတင်ထွက်ခွာရာ ဆူရာဘာယာလေဆိပ်မှာတော့ အာဏာပိုင်တွေဟာ ပြန် ဆယ်ယူလာမယ့် အလောင်းတွေကို လက်ခံဖို့ စောင့်နေသလို၊ ပူဆွေးနေတဲ့ မိသားစုတွေနဲ့ အကူအညီပေးနေတဲ့ လေယာဉ်ဝန်ထမ်းတွေလည်း စောင့်ဆိုင်းနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up