
တိုက်စစ်မှူး ဂါရတ် ဘေးလ်အနေနဲ့ ရီရဲလ်မက်ဒရစ်အသင်းကို ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ အသင်းဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ်က ပြောဆိုလိုက်ပါတယ်။
ဘေးလ်နဲ့ ပက်သက်လို့ မန်ချက်စတာအသင်းတွေကပဲ ဖြစ်ဖြစ်၊ တခြားအသင်းတွေဆီ ကပဲ ဖြစ်ဖြစ် ကမ်းလှမ်းတာတွေ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ရီရဲလ်အသင်းက ရော်နယ်ဒိုကို လိုအပ်သလို ဘေးလ်ကို လိုအပ်ပါတယ်လို့ အသင်းဥက္ကဋ္ဌက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ဝေးလ် တိုက်စစ်မှူး ဘေးလ်ဟာ တော့တင်ဟမ်ကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းကျော်နဲ့ ၂၀၁၃ မှာ ရီရဲလ်ကို ပြောင်းရွှေ့လာတာပါ။
ဘေးလ်ဟာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ ရီရဲလ်အသင်းကို ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေဖလား ပြိုင်ပွဲတွေအောင် ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။