A d v e r t i s e m e n t With Us

ရှာဖွေရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန် အင်ဒိုနီးရှားသမ္မတ ညွှန်ကြား

အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုက ရှာဖွေရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ aatf1eဒီဇင်ဘာလ ၃၀ ရက်နေ့က ဆူရာဘာရာ လေဆိပ်ကို ရောက်သွားပြီး လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစု ဆွေမျိုးသားချင်းတွေကို နှစ်သိမ့်ပေးခဲ့ပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာကိုလည်း သွားခဲ့ပြီး ရာသီဥတု အခြေအနေက တိမ်ထူပြီး လှိုင်းထန်နေတယ်လို့ သမ္မတ ဂျိုကိုဝီက သတင်းထောက်တွေကို ရှင်းပြပါတယ်။ ဒီအဖြစ်အပျက်တွေ ၀မ်းနည်းကြေကွဲရသလို၊ မိသားစုတွေအတွက် ဆုတောင်းပေးပါတယ်လို့ ဂျိုကိုဝီက ပြောပါတယ်။ အဲအေးရှားရဲ့ ကြေညာချက်မှာလည်း မိသားစုတွေကို ဆူရာဘာရာ လေဆိပ်ကို ဖိတ်ခေါ်ထားပြီး လိုအပ်တာတွေ မှန်သမျှကို စီစဉ်ပေးဖို့ အကူအညီပေးရေး အဖွဲ့ကိုလည်း ထားပေးထားတယ်လို့ ပြောပါတယ်။ ဘော်နီယိုကျွန်း ကမ်းလွန်မှာ ခရီးသည် အလောင်းပေါင်း ၄၀ ကို တွေ့ရှိတယ်လို့ေ၇တပ်က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အင်္ဂါနေ့အထိ အလောင်း သုံးလောင်းကိုပဲ ပြန်ဆယ်နိုင်သေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေယာဉ် ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပျံသန်းရင်း တနင်္ဂနွေနေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။ လောလောဆယ်မှာ ရှာဖွေရေး လုပ်ငန်းမှာ သင်္ဘော အစင်း ၃၀၊ လေယာဉ် ၂၁ စင်း၊ ပါဝင်ပြီး အင်ဒိုနီးရှား၊ သြစတြေလျ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊နဲ့ အမေရိကန် ပြည်ထောင်စုတို့ ရှာဖွေရေးမှာ ပါဝင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up