နှစ်သစ်ကူးကာလ အချိန်အခါမဟုတ် မိုးရွာနိုင်
DVB
·
December 31, 2014
ဒီဇင်ဘာလ ၃၁ ရက် နေ့ညနေပိုင်းကစပြီး နောက် ၃ ရက်အတွင်း မြန်မာပြည်ဒေသတချို့မှာ အချိန်အခါမဟုတ်မိုးများ ရွာသွန်းနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန် ကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာ နေရာကွက်ကျားမိုးရွာနိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။