အစ္စရေးတပ်များ ပါလက်စတိုင်းက ဆုတ်ခွာပေးရေးအဆို ကုလ လုံခြုံရေးကောင်စီ ပယ်ချ

ဓာတ်ပုံ - အေအက်ဖ်ပီ
1K
အစ္စရေးတပ်တွေ ပါလက်စတိုင်းနယ်မြေကနေ ဆုတ်ခွာပေးရေး ပါလက်စတိုင်းက တင်တဲ့ အဆိုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပယ်ချလိုက်ပါတယ်။
[caption id="attachment_75617" align="alignright" width="400"]
ဓာတ်ပုံ - အေအက်ဖ်ပီ[/caption]
အဆိုပြုချက်အရ ၁၉၆၇ ခုနှစ်က အစ္စရေးတပ်တွေဟာ အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုစလင်နဲ့ ဂါဇာကမ်းမြောင်ဒေသကနေ ပြန်ဆုတ်ပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၁၂ လအတွင်း အပြီးသတ်ဖို့လည်း တောင်းဆို ထားပါတယ်။။
ပါလက်စတိုင်းရဲ့ အဆိုကို ထောက်ခံမဲ ၉ မဲ ရှိခဲ့ပေမ့ယ် အမေရိကန်က ကန့်ကွက် မဲပေးခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုက လုံခြံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဗီတိုနဲ့ ပယ်ချလိုက်တာပါ။
ထောက်ခံမဲ ၈ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၅ မဲနဲ့ ပါလက်စတိုင်းရဲ့ အဆို ရှုံးနိမ့်ခဲ့ပါတယ်။
သြစတြေးလျက အမေရိကန်နဲ့အတူ အဆိုကို ကန့်ကွက်မဲပေးခဲ့တာ ဖြစ်ပါတယ်။