၂၀၁၅ ရွေးကောက်ပွဲ ၀င်၊ မ၀င် သဘောထားပေးရန် စောသေးဟု ဒေါ်စု ပြော

804
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်၊ မ၀င်သဘောထားနဲ့ပတ်သက်ပြီး သဘောထားပေးဖို့ စောသေးတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုတာ တရားဝင်ကြေညာတဲ့အခါမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မယှဉ်ပြိုင်မှာလားဆိုတာ တရားဝင် ကြေညာမယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ ထုတ်ဦးမှာလဲ ဆိုတာကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမယ်လို့ ပြောပါတယ်။
NLD ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာဟာ ပါတီဝင်တွေ အကျဉ်းချခံထားရတာကြောင့်ဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်တာက နိုင်ငံရေးအခြေအနေ အပြောင်းအလဲကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲ ၀င်၊ မ၀င် နိုင်ငံရေး အခြေအနေပေါ် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်ချက်ကို ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။