A d v e r t i s e m e n t With Us

အဲအေးရှားလေယာဉ် ခရီးသည်အလောင်း ၃ လောင်းသာ ဆယ်ယူနိုင်သေး

ခရီးသည် အလောင်းပေါင်း ၄၀ ကို တွေ့ရှိတယ်လို့ ရေတပ်က အစောပိုင်းမှာ ပြောခဲ့ပေမယ့် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းအထိ အလောင်း ၃ လောင်းကိုပဲ ပြန်ဆယ်နိုင်ပါသေးတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပျက်ကျခဲ့တဲ့အဲအေးရှားလေယာဉ်ကို ဂျားဗားပင်လယ်ပြင်မှာ အပူတပြင်း ရှာဖွေနေပါတယ်။ ဘော်နီယိုကျွန်းကမ်းလွန်မှာ တွေ့ရတဲ့ အပိုင်းအစတွေဟာ အဲအေးရှားလေယာဉ်ဆီက အပိုင်းအစတွေဖြစ်တယ်ဆိုတာကို အင်ဒိုနီးရှား အရာရှိတွေက အတည်ပြုပါတယ်။ Untitled-1ဆူရာဘာယာ လေဆိပ်မှာ လေယာဉ်ပျောက်သတင်း စောင့်ဆိုင်းနေကြတဲ့ ခရီးသည်တွေရဲ့ မိဘဆွေမျိုးတွေကတော့ အခုကြားရတဲ့ သတင်းအပေါ်မှာ အလွန်စိုးရိမ်ထိတ်လန့်နေကြပါတယ်။ လေယာဉ်ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။ ရာသီဥတုဆိုးဝါးလို့ လေယာဉ်လမ်းကြောင်း ပြောင်းပျံသန်းဖို့ လေယာဉ်မှူးတွေ တောင်းဆိုခဲ့ အပြီးမှာပဲ လေယာဉ်က ရေဒါကပျောက်သွားပြီး အရေးပေါ်အချက်ပေးမှုတွေလည်း မရရှိခဲ့ဖူးလို့ လေကြောင်းထိန်းသိမ်းရေးစခန်းက ဆိုပါတယ်။ ဒီပျောက်ဆုံးနေတဲ့ AirBus A320 လေယာဉ်ဟာ ၂၀၀၈ ခုနှစ်က အဲအေးရှား အင်ဒိုနီးရှားလေကြောင်းလိုင်းမှာ စတင်ပျံသန်းတာဖြစ်ကြပြီး ပျံသန်းချိန်နာရီ ၂၃၀၀၀ ရှိခဲ့ပါတယ်။ လေယာဉ်ပေါ်မှာခရီးသည် ၁၅၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up