A d v e r t i s e m e n t With Us

တရုတ်တံငါသည်များ၏ ရေခဲငါးဖမ်းပွဲတော် စတင်ကျင်းပ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်းပြည်နယ် ချန်အန်းကန်မှာ ရေခဲငါးဖမ်းပွဲတော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က တရားဝင် စတင်လိုက်လို့ ဒါဇင်နဲ့ ချီတဲ့ ငါးဖမ်းသမားတွေ စုရုံး ရောက်ရှိနေတာပါ။ Chinaနှစ်စဉ် ငါးဖမ်းရာသီအတွင်း ကောင်းကောင်း ဖမ်းမိဖို့ မျှော်လင့်နေကြပါတယ်။ ၂ လ ကြာမယ့် အဆိုပါ ငါးဖမ်းပွဲတော်ဟာ ထောင်နဲ့ ချီတဲ့ ဧည့်သည်တွေကို ဆွဲဆောင်နေပါတယ်။ ခေတ်သစ်ငါးဖမ်းနည်းနဲ့ မတူဘဲ ဒေသခံ ငါးဖမ်းသမားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်ကျော်က သူတို့ဘိုးဘေးတွေ လုပ်သလို ရေခဲလွှာထူထူတွေကို ဖြတ်တောက်ပြီး သူတို့ရဲ့ ရှည်လျားတဲ့ ပိုက်ကွန်တွေကို အေးခဲနေတဲ့ရေနက်ထဲကို ချပြီး ဖမ်းကြတာပါ။ ချန်အန်းဟာ မွန်ဂိုဘာသာစကားနဲ့ မြင့်မြတ်တဲ့ရေလို့ အဓိပ္ပါယ် ရပါတယ်။ ဒီကန်ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေချိုကန်တွေထဲက တခုပါ။ ရေအရည်အသွေးကြောင့် မတူခြားနားတဲ့ ငါးအမျိုးအစား ၇၀ နီးပါးနဲ့ ပုစွန်တွေရဲ့ စားကျက်လည်း ဖြစ်ပါတယ်။ ပွဲတော်တွင်းမှာ ထူးခြားချက်က ငါးဖမ်းတာအပြင် အကြီးဆုံးငါးကို လေလံပစ်မှုလဲ ပါပါတယ်။ ဒီနှစ်အတွက် အကြီးဆုံးငါးဟာ ၁၅ ကီလိုကျော်ပြီး အမေရိကန်ဒေါ်လာ ၆ သောင်း စံချိန်တင် မြင့်မားတဲ့ဈေးနဲ့ လေလံအောင်ခဲ့ပါတယ်။ ဒါဟာ  မနှစ်က အမြင့်ဆုံးလေလံဈေးထက် အမေရိကန်ဒေါ်လာ ၁ သောင်း ၃ ထောင် ပိုများပါတယ်။

A d v e r t i s e m e n t With Us

More News
Up