A d v e r t i s e m e n t With Us

ပျောက်ဆုံးအဲအေးရှားလေယာဉ် အပိုင်းအစနှင့် အလောင်းတွေ့ရှိကြောင်း အင်ဒိုနီးရှားရုပ်သံ ပြသ

အင်ဒိုနီးရှား လေယာဉ်ပျောက်ရှာဖွေရေးအဖွဲ့တဖွဲ့က အလယ် ကလီမန်တန် ပြည်နယ်၊ ပန်ကလန် ဘန်းမြို့ အနောက်တောင်ဖက် မိုင် ၁၀၀ အကွာက ဂျာဗားပင်လယ်ပြင်မှာ လေယာဉ်ပျက်အပိုင်းအစနဲ့တူတဲ့ အရာဝတ္တုတွေနဲ့ အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ Untitled-1တွေ့မြင်ခဲ့တဲ့ အပိုင်းအစတွေဟာ ပျောက်ဆုံးနေတဲ့ အဲအေးရှားလေယာဉ်အပိုင်းအစတွေ ဖြစ်နိုင်ခြေ ၉၅  ရာခိုင်နှုန်း ရှိလို့ ရှာဖွေရေးခေါင်းဆောင်က ဆိုပါတယ်။ ဒါကြောင့် ရှာဖွေရေးအင်အားတွေအားလုံး အဲ့ဒီနေရာကို သွားရောက်ကြဖို့ ညွန်ကြားထားတယ်လို့လည်း ပြောပါတယ်။ ဒီနေ့မှာ လေယာဉ်ပျောက်ရှာဖွေရေး ၃ ရက်တိုင် လာခဲ့ပြီး ကုန်းရော၊ ရေရော၊ ရှာဖွေရေးဧရိယာ ၁၃ ခုကို တိုးချဲ့ခဲ့ပါတယ်။ Surabaya လေဆိပ်မှာ လေယာဉ်ပျောက်သတင်း စောင့်ဆိုင်းနေကြတဲ့ ခရီးသည်တွေရဲ့ မိဘဆွေမျိုးတွေကတော့ အခုကြားရတာသတင်းအပေါ်မှာ အလွန်စိုးရိမ်ထိတ်လန့်နေကြပါတယ်။ လေယာဉ် ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း တနင်္ဂနွေနေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။ ရာသီဥတုဆိုးဝါးလို့ လေယာဉ်လမ်းကြောင်း ပြောင်းပျံသန်းဖို့ လေယာဉ်မှူးတွေတောင်းဆိုခဲ့အပြီးမှာပဲ လေယာဉ်က ရေဒါကပျောက်သွားပြီး အရေးပေါ်အချက်ပေးမှုတွေလည်း မရရှိခဲ့ဖူးလို့ လေကြောင်းထိန်းသိမ်းရေးစခန်းက ဆိုပါတယ်။ ဒီပျောက်ဆုံးနေတဲ့ AirBus A320 လေယာဉ်ဟာ ၂၀၀၈ ခုနှစ် က အဲအေးရှားအင်ဒိုနီးရှားလေကြောင်းလိုင်းမှာ စတင်ပျံသန်းတာဖြစ်ပြီး ပျံသန်းချိန်နာရီ ၂၃၀၀၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာခရီးသည် ၁၅၅ ဦး နဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up