၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တိုက်ခိုက်မှုတွေကို ပါကစ္စတန်နိုင်ငံကနေ ဦးဆောင် စီစဉ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အကြမ်းဖက်ခေါင်းဆောင်ကို ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က အာမခံပေးလိုက်ပါတယ်။
[caption id="attachment_75567" align="alignright" width="472"]

ဓာတ်ပုံ - အေအက်ဖ်ပီ[/caption]
ဒါကြောင့် တရားရုံးကိစ္စတွေ ပြီးတာနဲ့ ဇာကီ အုရ် ရာဟ်မန် လက်ကာဗီဟာ ဖမ်းဆီးခံထားရမှုက လွတ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
လက်ကာဗီရဲ့ ရှေ့နေကတော့ သူကို ဖမ်းဆီးဖို့ ပြီးခဲ့တဲ့တပတ်က အမိန့်ထုတ်တာဟာ သူရဲ့ ကိုယ်ပိုင်အခွင့်အရေးကို ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
၂၀၀၈ ခုနှစ်က မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း လူ ၁၆၅ ဦး သေဆုံးခဲ့တာပါ။
ပါကစ္စတန်အကြမ်းဖက်အဖွဲ့အစည်းတခုက လုပ်ဆောင်ခဲ့တာလို့ အိန္ဒိယနိုင်ငံက စွပ်စွဲခဲ့ပေးမယ့် အဲဒါနဲ့ ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံမှာ အပြစ်ဒဏ်ချခြင်း မရှိခဲ့ပါဘူး။
လက်ကာဗီကို အာမခံပေးလိုက်တာဟာ ပါကစ္စတန်နိုင်ငံက အကြမ်းဖက်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နှင်းမယ်ဆိုတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။
လူ ၁၄၁ ဦး သေဆုံးခဲ့ရတဲ့ ပတ်ရှာဝါမြို့ စာသင်ကျောင်းတိုက်ခိုက်ခံရအပြီး အကြမ်းဖက်မှုတွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ကိုယ်တိုင် ကတိပြုထားတာပါ။
အခုအခြေအနေအရ မွန်ဘိုင်းမြို့ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူလို့ စွပ်စွဲခံရတဲ့ လက်ကာဗီဟာ ရုံးချိန် တက်ရတာကလွဲလို့ လွတ်လွတ်လပ်လပ်နေထိုင်ခွင့် ရရှိနိုင်တာလည်း ဖြစ်ပါတယ်။