A d v e r t i s e m e n t With Us

ပါကစ္စတန်တွင် ကုန်တိုက်တခု မီးလောင်၊ လူ ၁၃ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ကုန်တိုက်တခုမှာ မီးလောင်ခဲ့လို့ အမျိုးသမီးတယောက်အပါအဝင် ၁၃ ယောက် သေဆုံးတယ်လို့ အရာရှိတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ Blaze kills at least thirteen in Pakistan’s Lahoreအစီရင်ခံစာတွေအရ မြို့ရဲ့ အူရဒူဈေးနားက အနာကာလီကုန်တိုက်မှာ ညနေပိုင်းက မီး စတင် လောင်ကျွမ်းတာပါ။ ၃ ထပ်ကုန်တိုက်ဟာ နာရီနဲ့ ရေမွှေးဈေးကွက် ဖြစ်ပါတယ်။ မီးက အဆောက်အဦတခုလုံးကို အမြန်ပျံ့သွားခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အနာကာလီဈေးဥက္ကဋ္ဌ ဟာဂျီ နိမ်းခန်းကတော့ “ဝမ်းနည်းတဲ့အနေနဲ့ အနာကာလီနဲ့ ကပ်လျက်က ဈေးတွေကို ဆက်ပိတ်ထားတယ်။ အင်္ဂါနေ့မှာ သေဆုံးသူတွေအတွက် ဈာပနဆုတောင်းပွဲ လုပ်မယ်”လို့ ပြောပါတယ်။ အလောင်းတွေကိုတော့ မာယိုဆေးရုံဆီ သယ်သွားပြီ မတော်တဆမှုအတွက် စုံစမ်းစစ်ဆေးရေး ကော်မတီကို ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up