A d v e r t i s e m e n t With Us

လင်းခေးမှ သစ်တောဝန်ထမ်း ၄ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

၂၀၁၄ ဒီဇင်ဘာလ အတွင်းက လင်းခေးမှ သစ်တောဝန်ထမ်း ၄ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး (ဓာတ်ပုံ - Shan News)
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်ထဲမှာ  အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်လို့ သစ် တောဝန်ထမ်း ၄ ဦး သေဆုံးပြီး  ၂ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။ [caption id="attachment_75545" align="alignright" width="480"]ဓာတ်ပုံ - Shan News ဓာတ်ပုံ - Shan News[/caption] သစ်တောဝန်ထမ်း ၆ ဦးဟာ ၀မ်စလောင်းကျေးရွာအနီးမှာ ဖမ်းဆီးထားတဲ့ သစ်လုံးတွေကို စစ်ဆေးတိုင်းတာအပြီး အပြန် လင်းခေးနဲ့ဝမ်ဟတ်ရွာကြီးအကြားမှာ ပစ်ခတ်ခံရတာလို့  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး မှုခင်းဌာနက ဒုရဲအုပ် မြတ်မင်းစိုးက ဒီဗွီဘီကို ပြောပါတယ်။ လင်းခေးနဲ့ဝမ်ဟတ်ရွာကြီးအကြား ကားလမ်း မိုင်တိုင် အမှတ် ၁၆/၃ နဲ့ ၁၆/၄ ကြားမှာ  သေဆုံးတဲ့ ခရိုင်အဆင့်လက်ထောက်ညွန်ကြားရေးမှူးနဲ့ လင်းခေးမြို့နယ်အဆင့် တောခေါင်း ၂ ဦးနဲ့ မောက်မယ်မြို့နယ် တောခေါင်း ၁ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ထွက်ပြေးလွတ်မြောက်လာသူတွေ အပြောကို ကိုးကားပြီးသူက “၂၇ ရက်နေ့မှာ ပါဂျဲရိုးကားတစ်စီး၊ ဆိုင်ကယ် ၂ စီးနဲ့ ၀မ်စလာင်းရွာမှာ ဖမ်းထားတဲ့ သစ်လုံးတွေကို သွားတိုင်းခဲ့ပါတယ်။ အပြန်လမ်းမှာ  ရှမ်းလက်နက်ကိုင် ၅ ဦးက တောထဲက ထွက်လာပြီး ရှေ့ကနေတားတယ်။ ရှေ့က ဆိုင်ကယ်နဲ့ အရင်သွားတဲ့ ဦးစစ်ထွေးကို ရှမ်းဘာသာနဲ့ လှမ်းမေးတယ်။ သူကနားမလည်တော့ အနောက်က လူကိုလှမ်းမေးရုံဘဲ ရှိသေးတယ်။ ဟိုက ပစ်ထည့်လိုက်တယ်လို့ ပြန်လွတ်လာတဲ့သူက ပြောပါတယ်။ ထွက်ပြေး လွတ်မြောက်လာသူ ၂ ဦးရှိပါတယ်။ သေဆုံးသူတွေရဲ့ဘေးမှာ အမ် ၂၂ အမျိုးအစား ကျည်ဆံ ၅ ထောင့်နဲ့  ကျည်မထွက်တဲ့ ကျည်ကပ် ၃ ထောင့် တွေ့ပါတယ်ခင်ဗျ။” ဒီကိစ္စနဲ့ ပတ်သက်ပြီး ၀မ်ဟတ်ရဲစခန်းက တရားလိုအဖြစ် အမှုဖွင့်ပြီး  နယ်မြေခံတပ်ရင်း၊ သတင်းတပ်ဖွဲ့တွေနဲ့ ပူးတွဲစုံစမ်းနေတယ်လို့ ဒုရဲအုပ်က ဆက်ပြော ပါတယ်။ ရှမ်းပြည်နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတဦးကတော့ ဒီပစ်ခတ်မှုဟာ အကျိုးစီးပွား ဆိုင်ရာ ဆက်စပ်ပတ်သက်သလို ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အပေါ် အခွင့်အကောင်း ယူပြီး သစ်ခိုးထုတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ “ဖမ်းမိထားတဲ့ သစ်လုံးရေ တန်ချိန် ၂၀၀ ကျော် ရှိတယ်။ တာဝန်ရှိသူတွေက သွားစစ်ဆေးတဲ့အခါ အငြိုးအတေးနဲ့ ရန်ရှာပစ်ခတ်တယ်လို့ သုံးသပ်ပါတယ်။ ဒီအဖွဲ့ဟာ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့အဖွဲ့ဆိုရင် ကန့်ကွက် သွားမှာ ဖြစ်တယ်။” အဲဒီအရပ်မှာ လှုပ်ရှားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလကတော့ သူတို့တပ်ဖွဲအပေါ် စွပ်စွဲမှုတွေနဲ့ပတ်သက်လို့  အခုလိုတုံ့ပြန်ပါ တယ်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေမှာ ကျနော်တို့အဖွဲ့ကို စွပ်စွဲထားတာတွေလည်း ဖတ်ရပါတယ်။ တခြားသတင်းဌာ နတွေလည်း မေးလာကြတယ်။ အမှန်က အဲဒီဒေသမှာ အစိုးရစစ်ကြောင်းရော၊ ဌာနပြည်သူ့စစ် ၂ ဖွဲ့ပါ လှုပ်ရှားနေပါတယ်။ ကျနော်တို့လည်း ကိုယ့်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ပြန်စစ်နေသလို အဖွဲ့တိုင်းကလည်း ပြန်စစ်သင့်ပါ တယ်။ ကျနော်တို့အနေနဲ့တော့ အစိုးရနဲ့ တပြည်လုံးအပစ်ခတ်ရပ်လက်မှတ်ထိုးဖို့ ကြိုးစားနေတဲ့အချိန် ကိုယ်ကစပြီး ပစ်ခတ်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပါတယ်ခင်ဗျ။” ရှမ်းပြည်နယ်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူကတော့ သစ်တောဝန်ထမ်းတွေအနေနဲ့  နယ်မြေထဲကွင်းဆင်းတဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မပါဘဲ မသွားဖို့ ညွှန်ကြားထားတယ်လို့   ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up