
တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည် တိုးတက်မလာရင် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒီနှစ်ရာသီမှာ ချန်ပီယံဆုကို မျှော်လင့်ဖို့ မဖြစ်နိုင်ကြောင်း နည်းပြ ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။
Boxing Day လို့ ခေါ်တဲ့ နှစ်ကုန် ပွဲကြပ်ရက် ကာလအတွင်း စပါးနဲ့ သရေကျတဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုခဲ့တာပါ။ စပါးနဲ့ ပွဲစဉ်မှာ မန်ယူ တိုက်စစ်မှူးတွေ ပထမပိုင်းမှာ အပိုင် ကန်သွင်းခွင့် ၅ ကြိမ်လောက် ရပေမယ့် အသုံးမချနိုင်လို့ ဇယားထိပ် က ချဲလ်ဆီး၊ မန်စီးတီးတို့နဲ့ အမှတ်ကွာဟမှုကို ကျဉ်းမြောင်းစေတဲ့ အခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။
ဒီပွဲသရေကျလို့ မန်ယူက ၃၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၁၀ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ မန်ယူဟာ နောက်ဆုံး ကစားတဲ့ ၉ ပွဲမှာ ရှုံးပွဲမရှိပေမယ့် ၂ ပွဲဆက်တိုက် သရေကျထားပါတယ်။