A d v e r t i s e m e n t With Us

မန်ယူတိုက်စစ်မှူးများ စွမ်းဆောင်ရည်မတိုးတက်ရင် ချန်ပီယံဆုကို မျှော်လင့်ရန်မဖြစ်နိုင်ဟု နည်းပြ ပြော

Van Gaal Man Uတိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည် တိုးတက်မလာရင် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒီနှစ်ရာသီမှာ ချန်ပီယံဆုကို မျှော်လင့်ဖို့ မဖြစ်နိုင်ကြောင်း နည်းပြ ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။ Boxing Day လို့ ခေါ်တဲ့ နှစ်ကုန် ပွဲကြပ်ရက် ကာလအတွင်း စပါးနဲ့ သရေကျတဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုခဲ့တာပါ။  စပါးနဲ့ ပွဲစဉ်မှာ မန်ယူ တိုက်စစ်မှူးတွေ ပထမပိုင်းမှာ အပိုင် ကန်သွင်းခွင့် ၅ ကြိမ်လောက် ရပေမယ့် အသုံးမချနိုင်လို့ ဇယားထိပ် က ချဲလ်ဆီး၊ မန်စီးတီးတို့နဲ့  အမှတ်ကွာဟမှုကို ကျဉ်းမြောင်းစေတဲ့ အခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒီပွဲသရေကျလို့ မန်ယူက ၃၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၁၀ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ မန်ယူဟာ နောက်ဆုံး ကစားတဲ့ ၉  ပွဲမှာ ရှုံးပွဲမရှိပေမယ့်  ၂ ပွဲဆက်တိုက် သရေကျထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up