A d v e r t i s e m e n t With Us

လက်ပံတောင်းအရေးဆန္ဒပြလို့ နော်အုန်းလှနဲ့ ဦးနေမျိုးဇင် ဖမ်းဆီးခံရ

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ မနေ့က ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ရဲက ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှနဲ့ ဦးနေမျိုးဇင်တို့ကို ဖမ်းဆီးလိုက်ပါတယ်။ Nay Myo Zin and Naw Own Hlaဒီလ ၂၂ ရက်နေ့က ဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် မနေ့ညနေက လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။      အဲဒီဆန္ဒပြမှုနဲ့ ဒဂုံမြို့နယ်ရဲစခန်းက ဖမ်းဆီးတာလို့ ဦးနေမျိုးဇင်က ရဲအချုပ်ကားပေါ် ကနေ အခုလို ပြောပါတယ်။ “ဟုတ်တယ်။ ကျနော်အခု ရဲကားတွေနဲ့လိုက်သွားတယ်ဗျာ။ ဒဂုံမြို့နယ်ရဲစခန်းကို သွားနေပါတယ်။ ကျနော်က မနက် ၉ နာရီလောက်ကတည်းက လက်ပံတောင်းကို ခရီးစထွက်တာလေ။ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖျော် ဖြေရေးယာဉ်နဲ့ သွားတာ။ အဲဒါ အမှတ် ၂ လမ်းပေါ်က သစ်တောဂိတ်မှာ ကျနော့်ကို စောင့်ပြီး ဖမ်းတာပါ။” ဒါ့အပြင် ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူနော်အုန်းလှကိုလည်း ဖမ်းဆီးထားပြီဖြစ်တယ်လို့လည်း ပြောပါတယ်။ သူတို့ကို ဘာပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးတာ မသိရပေမယ့်မနေ့ညက ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာလို့ ရဲတွေက ပြောကြောင်း ဦးနေမျိုးဇင်က ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၂၉  ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒဂုံမြို့နယ်က တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူ ထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပေမယ့်  အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဆန်ဒပြသမားတွေက အကြမ်းဖက်ဖြေရှင်းမှုတွေ ချက်ခြင်းရပ်စဲဖို့၊ သိမ်းဆည်းလယ်မြေ ပြန်လည်ရရှိရေးနဲ့ လူသတ်အစိုးရအလိုမရှိစတဲ့ တောင်းဆိုချက်တွေ တောင်းဆိုခဲ့ကြပါတယ်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာပတ်လည်က ကျေးရွာသားတွေကလည်း မနေ့တုန်း က ချီတက်ဆန္ဒပြခဲ့ကြပြီး သပိတ်စခန်းဖွင့်လှစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up