A d v e r t i s e m e n t With Us

တော်ရက်စ် အက်သလက်တီကို မက်ဒရစ်အသင်းတွင် အငှားစာချုပ်ဖြင့် ပြန်ကစားရန် သဘောတူ

AC Milan's Fernando Torres heads the ball during their Serie A soccer match against Palermo at San Siro stadium in Milanစပိန်တိုက်စစ်မှူး ဖာနန်ဒို တော်ရက်စ်ဟာ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်ကို အငှားစာချုပ်နဲ့ ပြန်ကစားဖို့ သဘောတူလိုက်ပါတယ်။ အသက် ၃၀ အရွယ် တော်ရက်စ်ဟာ လက်ရှိ ကစားနေတဲ့ အေစီမီလန်ကနေ အက်သလက်တီကို မက်ဒရစ်ကို အငှားနဲ့ ပြန်ဖို့ သဘောတူထားတာ ဖြစ်ပါတယ်။ တော်ရက်စ်ဟာ ချဲလ်ဆီးကနေ အေစီမီလန်ကို ပထမတုန်း အငှားစာချပ်နဲ့ ရောက်လာပေမယ့် နောက်ပိုင်းမှာ အပိုင် ၀ယ်ယူလိုက်တာပါ။ ချဲလ်ဆီးဟာ တော်ရက်စ်ကို ၂၀၁၁ မှာ လီဗာပူးကနေ ဗြိတိသျှ စံချိန်တင် ပြောင်းရွေ့ကြေး ပေါင်သန်း ၅၀ နဲ့ ၀ယ်ယူခဲ့တာပါ။ စပိန် တိုက်စစ်မှူးဟာ ချဲလ်ဆီးမှာ ရှိစဉ်အတွင်း အသင်းကို ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ရအောင် ကူညီနိုင်ခဲ့ပါတယ်။ တော်ရက်စ်ဟာ အေစီမီလန်ကနေ အငှားချလိုက်တဲ့အတွက် လာမယ့် ၂၀၁၅၊ ၂၀၁၆ ရာသီအကုန်မှာ ငယ်စဉ်ဘ၀က ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်မှာ ပြန်လည် ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up