A d v e r t i s e m e n t With Us

ပျောက်ဆုံး အဲအေးရှားလေယာဉ် ခရီးသည်များအတွက် လျော်ကြေးတွေပေးရန် ပြင်ဆင်

အဲအေးရှားအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် တိုနီ ဖာနန်ဒဲ့စ်က ပျောက်ဆုံးလေယာဉ် QZ 8501 ရဲ့ ပျောက်ဆုံး ခရီးသည်တွေအတွက် လျော်ကြေးတွေပေးဖို့ ပြင်ဆင်နေတယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ AirAsiaအာမခံလုပ်ငန်းစဉ်တွေအရ ဖြေရှင်းနေတယ် ခရီးသည်အားလုံးအတွက် အာမခံကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းကြားမယ်။ အင်ဒိုနီးရှား အာမခံစည်းမျဉ်းအတိုင်း လိုက်နာတယ်လို့ ပြောပါတယ်။ အဲအေးရှားအတွက် အရာအားလုံး ပုံမှန်ပြေးဆွဲနေခဲ့တယ် ဆူရာဘာယာကနေ စင်ကာပူကို ပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်တွေ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပုံမှန်ပြန်ဖြစ်နေပြီလို့လည်း ဖာနန်ဒဲ့စ်က ပြောပါတယ်။ “လေယာဉ်ပျောက်ဆုံးမှုဟာ လေကြောင်းလိုင်းအတွက် ပထမဆုံးပဲလို့လည်း ပြောပါတယ်။ ၁၃ နှစ်အတွင်း လေကြောင်းလိုင်းတခုဟာ ရာနှုန်းပြည့် ဘေးကင်းမယ်လို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ ကျနော်တို့ ၁၃ နှစ်အတွင်း ခရီးသည်သန်း၂၂၀ကို သယ်ပို့ပေးခဲ့တယ် ဒီနေ့အထိ အသက်တချောင်းမှ မဆုံးရှုံးခဲ့ဘူး”လို့ ဆိုပါတယ်။ အင်ဒိုနီးရှားသယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဂျိုနန်ကတော့ နိုင်ငံတွင်း ပျံသန်းနေတဲ့ အဲအေးရှား လေယာဉ်တွေ အားလုံးရဲ့ ဘေးကင်းရေး စံချိန်တွေကို စစ်ဆေးမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ “ပြန်လည်စစ်ဆေးရေးဟာ လေကြောင်းဈေးကွက် အမြန်တိုးလာနေတဲ့ အင်ဒိုနီးရှားမှာ ဖောက်သည်တွေ စိတ်ချရေး ရည်မှန်းထားပြီး စရိတ်နည်း လေကြောင်းလိုင်းတွေရဲ့ လုပ်ငန်းနဲ့ စီးပွားရေးတွေ အနာဂတ်မှာ ပိုကောင်းလာမယ်”လို့ ဝန်ကြီး ဂျိုနန်က ပြောပါတယ်။ လူဦးရေ ၂၃၈ သန်းရှိပြီး လူလတ်တန်းစား တိုးလာနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ စရိတ်နည်း လေကြောင်းလိုင်းတွေအတွက် ဈေးကွက် အလားအလာ ရှိနေတာပါ။ အစိုးရကလည်း နိုင်ငံတွင်းက ကျွန်းပေါင်း ၁၂၅၀၀ ကျော်ကို ချိတ်ဆက်ဖို့ လေကြောင်းသွားလာရေးကို တည်ဆောက်ဖို့ ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up