A d v e r t i s e m e n t With Us

လီဗာပူးက ၄ ဂိုး ၁ ဂိုးဖြင့် ဆွမ်ဆီ ကို အနိုင်ယူ

PAY-Liverpool-v-Swanseaဒီဇင်ဘာလ ၂၉ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက ၄ ဂိုး ၁ ဂိုးနဲ့ ဆွမ်ဆီကို အနိုင်ရသွားပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို မိုရီနို၊ လာလာနာနဲ့ ရှယ်ဗေးက သွင်းယူပါတယ်။ လီဗာပူးအတွက်တော့ ဒီနှစ်ရာသီထဲမှာ ပထမဆုံးအနေနဲ့ ၄ ဂိုး သွင်းယူနိုင်တာပါ။ ဒီပွဲမှာ လီဗာပူးအသင်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း အကြိမ်ရေ  ၂၀ လောက်အထိ ရခဲ့တာပါ။ ပွဲအပြီးမှာတော့ လီဗာပူး နည်းပြ ရော်ဂျာ်စ်က အသင်းရဲ့ကစားပုံ ပြန်ကောင်းလာပြီး အခုလို ကစားပုံမျိုးကို ဆက်ပြီး ထိန်းထားနိုင်ဖို့ လိုတယ်လို့ ပြောဆိုသွားပါတယ်။ ဒီပွဲနိုင်လိုက်လို့ လီဗာပူးအသင်းဟာ ၂၈ မှတ်နဲ့ အဆင့် ၈ နေရာကို တက်လှမ်းသွားပြီး အဆင့် ၄ နေရာက ဆောက်သမ် တန်ရဲ့ နောက် ၅ မှတ်အကွာကို ရောက်ရှိသွားပါတယ်။ ဆွမ်ဆီကလည်း ၂၈ မှတ်နဲ့ အဆင့် ၉  နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up