A d v e r t i s e m e n t With Us

ရေဘေးကယ်ဆယ်ရေးငွေ ဒေါ်လာ ၁၄၂ သန်း မလေးရှားအစိုးရ ထပ်ဆောင်းကူညီမည်

မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အကြီးဆုံးရေလွှမ်းမိုးမှုတွေအတွက် ကူညီ ကယ်ဆယ်ရေး နောက်ထပ် မလေးရှားရင်းဂစ် သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၁၄၂ သန်း) ထပ်ဆောင်းကူညီမယ်လို့ မလေးရှားအစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန် ကြေညာပါတယ်။ An aerial view of flooded streets of the National Park in Kuala Tahan, Pahangမလေးရှားနိုင်ငံ အရှေ့ဖက်ကမ်းရိုးတန်းတလျှောက် ရေလွှမ်းမိုးမှုမှာ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၁ သိန်း ၆ သောင်းကျော် အိုးအိမ် ရွှေ့ပြောင်းခဲ့ရပါတယ်။ ရေလွှမ်းမိုးမှုတွေကို ၀န်ကြီးချုပ် နာဂျစ် ရာဇတ် သွားရောက် ကြည့်ရှုအားပေးအပြီးမှာ ၀န်ကြီးချုပ်ကိုယ်တိုင် အခုလို ထုတ်ပြန် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ မုန်တိုင်းစ၀င်ချိန်က ၀န်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံ ဟာဝိုင်ရီပြည်နယ်မှာ သမ္မတ အိုဘားမားနဲ့ ဂေါက်သွားရိုက်နေတာကြောင့် မလေးရှားပြည်သူတွေ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ၀န်ကြီးချုပ်လည်း သူရဲ့ အားလပ်ရက်ခရီးစဉ်ကို ဖျက်ပြီး ပြန်လာခဲ့ရပါတယ်။ အရင်ကတည်းက ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ်ဖြစ်သလို သမ္မတအိုဘားမားရဲ့ ကမ်းလှမ်းမှုနဲ့ သွားရောက်ခဲ့တာလည်း ဖြစ်တယ်လို့ ၀န်ကြီးချုပ်က ကာကွယ်ပြောဆိုပါတယ်။ ဒီထောက်ပံ့ငွေ မလေးရှားရင်းဂစ် သန်း ၅၀၀ ဟာ အရင်ရေဘေးကယ်ဆယ်ရေးငွေ ရင်းဂစ် သန်း ၅၀ အပေါ် ထပ်ဆောင်းထောက်ပံ့တာလည်း ဖြစ်ပါတယ်။ ရေလွှမ်းမိုးခံရတဲ့မြို့အများစုဟာ တမြို့လုံးနီးပါးကို ရေမြှုပ်နေပြီး လမ်းတွေလည်း မြစ်ချောင်းတွေအဖြစ် ပြောင်းလဲသွားတာပါ။ ဒါကြောင့် ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းတွေ ပေးပို့ရေးရော၊ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ သွားရောက်ရေးရော ပိုပြီး အခက်အခဲ ဖြစ်ရပါတယ်။ တဖက်မှာလည်း ရေဘေးဒဏ်ခံပြည်သူတွေကလည်း အစိုးရရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးတယ်လို့လည်း ပြစ်တင် ဝေဖန်နေကြတာပါ။ မလေးရှားနိုင်ငံ အရှေ့ပိုင်းပြည်နယ်တွေဟာ အခုလို မုတ်သုံရာသီမှာ ရေကြီးရေလျှံမှုတွေ ဖြစ်တတ်ပေမယ့် ဒီတနှစ်ကတော့ မိုးရွာသွန်းမှုရော၊ လေတိုက်ခတ်မှုရော တခြားနှစ်တွေထက် ပိုပြင်းထန်တယ်လို့လည်း ဖော်ပြကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up