A d v e r t i s e m e n t With Us

ကာမိုင်းမှ ကေအိုင်အေစခန်းကို အစိုးရစစ်တပ် ၀င်သိမ်း

မိုးကောင်း-ဖားကန့်သွားလမ်း ကာမိုင်းမြို့နယ်ထဲမှာ ရှိတဲ့  ကချင်လွတ်လွတ်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၂ လက်အောက်ခံ စခန်းတစ်ခုကို အစိုးရတပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာ ၀င်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ ကေအိုင်အေ ရှေ့တန်းစခန်းရှိ ရဲဘော်များကေအိုင်အိုပြောခွင့်ရ ဦးလနန်က “ဂေါင်ရီရွာထဲမှာ လာပြီးအခြေစိုက်နေတဲ့ ခမရ ၅  လက်အောက်ခံ အစိုးရတပ်ဖွဲ့ဝင်တွေပါ။ သူတို့က မနေ့ညနေ ၄ နာရီကျော်မှာ ကျနော်တို့ရဲ့ ဟွေ့ကြာဆိုတဲ့စခန်းကို ၀င်သိမ်းတယ်။ သူတို့ ခြေလျင်တပ်တွေရောက်မလာခင် အဝေးကနေ လက်နက်ကြီးတွေနဲ့ အရင်ပစ်တာမျိုး လုပ်တယ်။ အဲဒါကြောင့် ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အရင်ရှောင်ပေး လိုက်ရတယ်။ သူတို့ ရောက်လာတော့ အဲဒီစခန်းကို ကျားထိုးထိုးပြီးတော့ ၀င်သိမ်းတဲ့သဘောပါ။” ဒီလ ၁၉ ရက်နေ့ကလည်း အစိုးရတပ်က ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ဒေါ့ဖုန်း ယန်ဘက်က စခန်းတစ်ခုကို ၀င်တိုက်ပြီး ကေအိုင်အေတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းသွား ခဲ့ပါသေးတယ်။ အဲဒီရဲဘော်ကို အစိုးရဘက်က ခုထိပြန်မလွှတ်ပေးသေးဘူးလို့ ဦးလနန်က ပြောပါတယ်။ အစိုးရနဲ့ ကေအိုင်အိုအဖွဲ့ဟာ နှစ် အပစ်ခတ်ရပ်ရေးဆွေးနွေးစဉ်က တိုက်ပွဲရှိန်တွေ လျှော့ချဖို့ သဘောတူညီချက်ရထားပေမယ့် တိုက်ပွဲတွေဖြစ်နေတာပါ။ နိုဝင်ဘာ ၁၉ ရက်နေ့က ကေအိုင်အိုဌာနချုပ်လိုင်ဇာမှာရှိတဲ့ ဗိုလ်သင်တန်ကျောင်းကို အစိုးရဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်လောင်း ၂၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပြီး ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ ကေအိုင်အိုက တောင်းဆိုထားပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တပြည်လုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့အတွက် ညှိနှိုင်းနေကြဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up