A d v e r t i s e m e n t With Us

ကြေးနီစီမံကိန်း ခြံစည်းရိုးများဖယ်ရှားပြီး လယ်သိမ်းခံတောင်သူများ သပိတ်စခန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင်ရွာ တွေက လယ်သိမ်းခံတောင်သူတွေ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လည်က ဆန္ဒ ထုတ်ဖော်နေကြပါတယ်။ ဆည်တည်းကျေးရွာမှာ ဒီဇင်ဘာ ၂၂၊ ၂၃နဲ့ ၂၄ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံထားတာတွေကို ဒီနေ့မှာ ပြန်လည်ချိုးဖျက်ခဲ့တဲ့အတွက် နှစ်ဖက်တင်းမာမှုတွေ ရှိနေပါတယ်။ ဆည်တည်းကျေးရွာမှာတော့ ရွာသူရွာသား အင်အား ၁၀၀ ဝန်းကျင် ဆန္ဒ ထုတ်ဖော်နေတာလည်း ဖြစ်ပါတယ်။ လုံခြုံရေးဘက်ကနေ သတိပေး မိုးပေါ်ထောင် ၃ ချက် ပစ်ခတ်မှု ရှိခဲ့ပါတယ်။ ဆည်တည်းရွာ မြောက်ဘက်ရှိ ခြံစည်းရိုး ပေ ၅၀၀ ခန့်ကို ဒေသခံတွေက ဖယ်ရှားပြီး အဲဒီ့နရာမှာ သပိတ်စခန်းဖွင့်လှစ်လိုက်ကြပါတယ်။ [gallery ids="75443,75444,75445,75446,75447,75448,75449,75450,75451"]

A d v e r t i s e m e n t With Us

More News
Up