အနောက်အာဖရိကက ဂီနီနိုင်ငံမှာ အီဘိုလာရောဂါနဲ့ မိဘတွေ ဆုံးပါးသွားကြတဲ့ ကလေးတွေအတွက် မိဘမဲ့ဂေဟာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီ ကလေးတွေမှာ အီဘိုလာရောဂါ မရှိပေမယ့် သူတို့ရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေက အီဘိုလာရောဂါ ကူးစက်နိုင်တယ်ဆိုတဲ့အစွဲနဲ့ လက်သင့်မခံကြပါဘူး။
ဒါကြောင့် မိဘမဲ့ကလေးများဂေဟာတခုကို ထူထောင်ခဲ့တဲ့ အာဂ်နစ်စ် မီမီ လွီအေက သူရဲ့ ဖက်စ်နဲ့ မိတ္တူဆိုင်လေးကို ဒီကလေးတွေရဲ့ ခိုကိုးရာနေရာအဖြစ် ပြောင်းလဲလိုက်ပါတယ်။
ကော်နဲကရီမြို့တော်က မိဘမဲ့ဂေဟာတွေဟာ တသီးပုဂ္ဂလိကအလှူရှင်တွေဆီကနေ ငွေကြေးထောက်ပံ့မှုတွေ ရရှိကြတာပါ။
အီဘိုလာရောဂါကိုပဲ လူတွေက အဓိက အာရုံစိုက်နေပြီး မိဘမဲ့ကလေးတွေအရေးက အမေ့ခံလို ဖြစ်နေတယ်လို့ ဒီကလေးငယ်တွေရဲ့အရေးကို ဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။
သူတို့အတွက် ပညာရေးနဲ့ လူမှုရေးအစီအစဉ်တွေက သူတို့ဘ၀အတွက် တစုံတရာတော့ အထောက်အကူပြုမှာ ဖြစ်ပေမယ့် သူတို့မိဘတွေ ဆုံးပါးသွားခဲ့တာအတွက်တော့ ဘယ်အရာမှာ မယှဉ်သာပါဘူး။