A d v e r t i s e m e n t With Us

မန်ယူကွင်းလယ်သမား ဖယ်လိုင်နီ ဒဏ်ရာကြောင့် စတုတ်စီးတီးပွဲနှင့် လွဲချော်

Fellainiမန်ယူကွင်းလယ်သမား ဖယ်လိုင်နီဟာ ဒဏ်ရာကြောင့် လာမယ့် ဇန်န၀ါရီ ၁ ရက်နေ့ စတုတ်စီးတီးပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ကွင်းလယ်သမား ဖယ်လိုင်နီဟာ Boxing Day ပွဲကြပ်ရက် မစမီက လီဗာပူးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ သူဟာ ပွဲကြပ်ရက်ရဲ့  ပထမဆုံးပွဲစဉ် ဖြစ်တဲ့ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲစဉ်မှာလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဘယ်ဂျီယံ လက်ရွေးစင်ဟာ လာမယ့် ဇန်န၀ါရီ ၄ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ပြန်လည် ကစားနိုင်ဖွယ် ရှိနေတယ်လို့ မန်ယူ အသင်းက ခန့်မှန်းထားပါတယ်။ သူဟာ မန်ယူ နည်းပြဟောင်း မိုရက်စ် လက်ထက်မှာ ခြေစွမ်းမပြနိုင်လို့  ဝေဖန်ခံခဲ့ရပေမယ့် နည်းပြသစ် ဗန်ဂါးရဲ့ လက်ထက်မှာ တဖြည်းဖြည်း အသင်းနဲ့ အံဝင်လာပြီး ပုံမှန် ကစားခွင့်ရနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up