ဆုကြေးငွေဒေါ်လာ ၃ သန်း ထုတ်ထားသည့် အကြမ်းဖက်ခေါင်းဆောင် ဆိုမာလီအစိုးရထံ အဖမ်းခံ

အယ်လ်ရှားဘတ် အဖွဲ့ (ဓာတ်ပုံ - ရိုက်တာ)
2.1K
အမေရိကန်နိုင်ငံက ဆုကြေးငွေ ဒေါ်လာ ၃ သန်း အထုတ်ခံထားရတဲ့ အယ်လ်ရှားဘတ် အကြမ်းဖက်ထိပ်တန်းခေါင်းဆောင်တဦး ဆိုမာလီအစိုးရထံ အဖမ်းခံခဲ့တယ်လို့ ဆိုမာလီထောက်လှမ်းရေးအာဏာပိုင်က ပြောဆိုပါတယ်။
[caption id="attachment_75396" align="alignright" width="459"]
အယ်လ်ရှားဘတ် အဖွဲ့ (ဓာတ်ပုံ - ရိုက်တာ)[/caption]
အကြမ်းဖက်ခေါင်းဆောင် ဇေကရီယာ အစ္စမေးလ် အာမက် ဟာလ်စီး ဟာ ဆိုမာလီနိုင်ငံ၊ ကင်ညာနဲ့ အီသီယိုးပီးယားနယ်စပ်က ဂျီဒိုဒေသမှာ ဆိုမာလီရဲတပ်ဖွဲ့ဆီ အဖမ်းခံခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလက အမေရိကန်လေကြောင်းပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ အယ်လ်ရှားဘတ်ခေါင်းဆောင် ဂိုလ်ဒိန်းနဲ့ အနီးကပ်အလုပ်လုပ်ခဲ့သူ ဖြစ်ပြီး အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့ရဲ့ ထောက်လှမ်းရေးနဲ့ ဘဏ္ဍာရေးတာဝန်တွေ ယူခဲ့သူလို့ ဒေသခံ ဆိုမာလီစစ်တပ်အရာရှိ ဂျမာ မူဆာ က ပြောဆိုပါတယ်။
နယ်စပ်က အိမ်တအိမ်မှာ ပုန်းအောင်းပြီး အစိုးရအာဏာပိုင်တွေနဲ့ အဆက်အသွယ် ရယူခဲ့တာလို့လည်း ပြောဆိုပါတယ်။
ဂိုလ်ဒိန်း အသတ်မခံရခင်က သူရဲ့ ပြိုင်ဖက်တွေကို ရက်ရက်စက်စက် ရှင်းထုတ်ခဲ့ပြီး သူသေဆုံးသွားပြီးနောက်ပိုင်း အကြမ်းဖက်အဖွဲ့တွင်း ဖြုတ်ထုတ်သတ်တွေ ဖြစ်ပွားလာတာက လာရောက် အဖမ်းခံရခြင်းက အဓိကအကြောင်းရင်း ဖြစ်နိုင်တယ်လို့လည်း ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဂိုလ်ဒိန်းနေရာကို ဆက်လက်တာဝန်ယူထားတဲ့ ခေါင်းဆောင် အာမက် အုမရ် အဘူ အူဘိုင်းဒါးဟာလည်း အဖွဲ့တွင်းလုံခြုံရေးကို အထူးတင်းကြပ်ထားတယ်လို့လည်း ထောက်လှမ်းရေးသတင်းက ဆိုပါတယ်။
ဟာလ်စီးဟာ အယ်လ်ရှားဘတ်ထိပ်တန်ခေါင်းဆောင် ၈ ဦးမှာ တဦး အပါအ၀င်ဖြစ်ပြီး သူတို့တွေကို ဖမ်းဆီးနိုင်ရေး သမ္မတအိုးဘားမားအစိုးရက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ သန်း ဆုငွေ ထုတ်ထားတာပါ။
အခုနောက်ပိုင်း အယ်လ်ရှားဘတ်အဖွဲ့တွေက သူတို့ ထိန်းချုပ်ခဲ့တဲ့မြို့တွေနဲ့ နယ်တွေကို လက်လွှတ်ဆုံးရှုံးနေပေမယ့် ဆိုမာလီနိုင်ငံနဲ့ ကင်ညာနိုင်ငံတွေအတွက်တော့ အန္တရာယ် ကြီးနေဆဲ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ပါတယ်။