A d v e r t i s e m e n t With Us

ပျောက်ဆုံး အဲအေးရှားလေယာဉ်ကို အပူတပြင်း ရှာဖွေ

ပျောက်ဆုံးနေတဲ့ အဲအေးရှား ခရီးသည်တင်လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းတွေ ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ အစောဆုံး ပြန်စခဲ့ကြပါတယ်။ File photo shows an AirAsia plane on the runway at Kuala Lumpur International Airportလေယာဉ်ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။ ရာသီဥတု ဆိုးဝါးလို့ လေယာဉ်လမ်းကြောင်းပြောင်း ပျံသန်းဖို့ လေယာဉ်မှူးတွေ တောင်းဆိုခဲ့အပြီးမှာပဲ လေယာဉ်က ရေဒါက ပျောက်သွားပြီး အရေးပေါ်အချက်ပေးမှုတွေလည်း မရရှိခဲ့ဖူးလို့ လေကြောင်းထိန်းသိမ်းရေးစခန်းက ဆိုပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့ညက လေယာဉ်ရှာဖွေမှု လုပ်ငန်းအများစုကို ရပ်ဆိုင်းခဲ့ပေမယ့် သင်္ဘောတချို့တော့ ဆက်လက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး အာဏာပိုင်ကတော့ လေယာဉ်ပျောက်ရှာဖွေရေး အတွက် တတ်နိုင်သမျှ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ရှာဖွေရေးသင်္ဘော ၁၂ စီး၊ ရဟတ်ယာဉ် ၃ စီးနဲ့ လေတပ်လေယာဉ် ၅ စီးနဲ့ ရှာဖွေနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။ စင်ကာပူနဲ့ မလေးရှားနိုင်ငံကလည်း C-130 လေယာဉ်တစီးစီ၊ သင်္ဘော ၃ စီးနဲ့ ကူညီ ရှာဖွေဖို့ ရှိပါတယ်။ လေယာဉ်လမ်းတ၀က်အရောက်မှာ မုန်တိုင်းမိုးတိမ်တွေနဲ့ ရင်ဆိုင်မိတာကြောင့် အမြင့်ပေ ၃ သောင်း ၈ ထောင်အထိ တက်ပြီး လမ်းကြောင်းပြောင်းဖို့ လေယာဉ်မှူးတွေက တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် လမ်းကြောင်းအခက်အခဲကြောင့် လေယာဉ်လမ်းကြောင်းမြှင့်ပျံသန်းဖို့ ချက်ချင်း ခွင့်ပြုချက် မပေးနိုင်ခင်မှာပဲ လေယာဉ်က ရေဒါက ပျောက်သွားခဲ့တာပါ။ ပင်လယ်သမုဒ္ဒရာကျွမ်းကျင်သူတွေကတော့ လေယာဉ်ပျောက်သွားတဲ့နေရာက ပင်လယ်မှာ အနက်ပေသိပ်မရှိတာကြောင့် တကယ်ပင်လယ်ထဲ ပျက်ကျသွားတယ်ဆိုရင် ရှာဖွေဖို့ သိပ်မခက်နိုင်ဘူးလို့ ပြောဆိုပါတယ်။ ဒါကြောင့် အဲဒါသာ ဖြစ်ခဲ့ရင် မကြာခင်ရှာတွေ့မယ်လို့ ပြောဆိုပါတယ်။ ဒီပျောက်ဆုံးနေတဲ့လေယာဉ်ဟာ ၂၀၀၈ ခုနှစ် က အဲအေရှားရဲ့ အင်ဒိုနီးရှားလိုင်းမှာ စတင်ပျံသန်းတာ ဖြစ်ပြီး ပျံသန်းချိန်နာရီ ၂၃၀၀၀ ရှိခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့က နောက်ဆုံး လေယာဉ်ကြံ့ခိုင်ရေးလုပ်ခဲ့တာပါ။ အဲအေရှားလေကြောင်းလိုင်းဟာ စတင်ပျံသန်းချိန်ကတည်းက ဒီဖြစ်ရပ်မတိုင်ခင်အထိ ခရီးသည် ထိခိုက်သေဆုံးတဲ့ဖြစ်ရပ်မျိုး မဖြစ်ဖူးသေးပါဘူး။ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်နဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျွမ်ဒါအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှာ အရေးပေါ်ဌာနတွေ ဖွင့်လှစ်ပေးထားပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၅၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၇ ဦး စုစုပေါင်း ၁၆၂ ဦး လိုက်ပါ သွားကြတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up