A d v e r t i s e m e n t With Us

ပိုဒေါစကီးကို ပေါင် ၆ သန်းဖြင့် အင်တာမီလန် ခေါ်ယူမည်

အာစင်နယ် ကွင်းလယ်သမား ပိုဒေါစကီး
[caption id="attachment_75379" align="alignright" width="450"]အာစင်နယ် ကွင်းလယ်သမား ပိုဒေါစကီး အာစင်နယ် ကွင်းလယ်သမား ပိုဒေါစကီး[/caption] အာစင်နယ်မှာ ပုံမှန် ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်သမား ပိုဒေါစကီးကို အီတလီစီးရီးအေကလပ် အင်တာမီလန်က လာမယ့် ဇန်န၀ါရီ ဈေးကွက်မှာ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အင်တာက ဂျာမန်ကွင်းလယ်သမား ပိုဒေါစကီးကို ပေါင် ၆ သန်းပေးပြီး တပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်းနဲ့ ကမ်းလှမ်းနေတယ်ဆိုပြီး ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အာစင်နယ်ကွင်းလယ်သမားကို တူရကီကလပ် ဂါလာတာစာရေနဲ့  စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ကာယကံရှင် ပိုဒေါစကီးကတော့ အသင်းပြောင်းရေးထက် အာစင်နယ်မှာ ပုံမှန် ကစားခွင့်ရရေးကို မျှော်လင့်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up