A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ပွဲစဉ် ရလဒ်များ

ပွဲကြပ်ရက်ကာလအဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ ချဲလ်ဆီးနဲ့ မန်စီးတီး သရေကျပြီး အာစင်နယ် အနိုင်ရ သွားပါတယ်။ alex-oxlade-chamberlain-arsenal-jack-colback-newcastle-unitedအစောဆုံး ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ မန်ယူက အိမ်ကွင်းမှာ တော့တင်ဟမ်နဲ့ ဂိုးမရှိသရေကျ ခဲ့တာပါ။ ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ဆောက်သမ်တန်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီး ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကို ဟာဇက်က သွင်းယူပါတယ်။ ဒီပွဲသရေကျလို့ အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ ချဲလ်ဆီးဟာ ဒုတိယနေရာက မန်စီးတီးကို အမှတ်ဖြတ်နိုင်ဖို့ အခွင့်အရေးကို လက်လွှတ်လိုက် ရပါတယ်။ မန်စီးတီးကတော့ အိမ်ကွင်းမှာ ဘန်လေအသင်းနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ပထမပိုင်းမှာတင် မန်စီးတီးက၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘန်လေက ဒုတိယပိုင်းမှာ ချေပဂိုးတွေ သွင်းယူနိုင်တာ ဖြစ်ပါတယ်။ အာစင်နယ်ကတော့ အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို ကွင်းလယ်သမား ကာဇိုလာနဲ့ တိုက်စစ်မှူး ၀ဲဘက်တို့က သွင်းယူပါတယ်။ လောလောဆယ် အမှတ်ပေးဇယားကို ချဲလ်ဆီးက ၄၆ မှတ်နဲ့ ဦးဆောင်နေပြီး မန်စီးတီး က ၄၃ နဲ့ အဆင့် ၂၊ မန်ယူက ၃၆ မှတ်နဲ့ အဆင့် ၃၊ ဆောက်သန်တန်က ၃၃ မှတ်နဲ့ အဆင့် ၄၊ အာစင်နယ်ကလည်း ၃၃ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up