A d v e r t i s e m e n t With Us

စွန့်ပစ်ပစ္စည်းများပေးရင် အခမဲ့ဆေးကုလို့ရသည့် အင်ဒိုနီးရှား ကျန်းမာရေးဝန်ဆောင်မှု

2တချို့နေရာတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ အရင်းအမြစ်ဖြစ်တဲ့ အမှိုက်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာတော့ ကျန်းမာရေးဝန်ဆောင်မှုအတွက် အဖိုးတန်တဲ့ ပစ္စည်းတွေ ဖြစ်လာခဲ့ပါတယ်။ လူငယ်ဆရာဝန်တယောက်က ဝင်ငွေနည်းလူ့အဖွဲ့အစည်းထဲက လူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် သူတို့ရဲ့စွန့်ပစ် ပစ္စည်းတွေကို ငွေအစားထိုးပေးနိုင်ပြီး သူတို့ ရပ်ကွက်တွေကိုလည်း သန့်ရှင်းစေတဲ့ အစီအစဉ်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ Garbage Clinical Insurance အစီအစဉ်က ဝန်ထမ်းတွေဟာ ဒီအစီအစဉ်ကို  မိတ်ဆက်ဖို့နဲ့ ထောက်ခံသူတွေကို စုဆောင်းဖို့ ရွာတွေဆီကို သွားရောက် လည်ပတ်ခဲ့တာပါ။ ဒီအစီအစဉ်က ဘယ်လို အလုပ်လုပ်မလဲဆိုတာကို အရှေ့ ဂျာဗျားခရိုင်မှာ တအိမ်တက်ဆင်း ရှင်းပြခဲ့ကြပါတယ်။ ပလတ်စတစ်ပုလင်းတွေ၊ ကတ္တူနဲ့ စက္ကူတွေလို ပြန်ပြီး ပြုပြင်သုံးစွဲလို့ရတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် သစ်ရွက်တွေလို ဆွေးမြည့်ပြီး မြေသြဇာအဖြစ် ပြန်သုံးလို့ရတဲ့ ပစ္စည်းတွေကို ကောက်ယူစုဆောင်းဖို့ လိုပါတယ်။ အဲဒါတွေနဲ့ ဖလှယ်ပြီး အနားက ဆေးခန်းတွေမှာ ဆေးဘက်ဝန်ဆောင်မှုတွေကို အခမဲ့ ရယူနိုင်ပါတယ်။ ဒီအစီအစဉ်ကို တည်ထောင်သူ အသက် ၂၅ နှစ်အရွယ် ဒေါက်တာ ဂါမယ်လ် အယ်လ်ဘင်က ဒီကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီမှုဟာ ဆင်းရဲသားတွေအပါအဝင် လူတိုင်းရဲ့အခွင့်အရေးလို့ ပြောပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဈေးကြီးပါတယ်။ လူဦးရေ သန်း ၂၅၀ ရဲ့ တဝက်လောက်က တရက်ကို ၂ ဒေါ်လာထက်နည်းတဲ့ ဝင်ငွေနဲ့ ရပ်တည်နေရပါတယ်။ အမျိုးသား စာရင်းအင်းဗျူရိုကတော့ နိုင်ငံတွင်း လူအယောက် ၁၂၅၀၀ အတွက် ကျန်းမာရေး ဆေးပေးခန်း တခန်းနှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up