A d v e r t i s e m e n t With Us

မိုက်ခွက်များကို တုတ်အဖြစ်သုံးခဲ့ကြသည့် ဂျော်ဂျီယာလွှတ်တော်တွင်း ရန်ပွဲ

ဂျော်ဂျီယာနိုင်ငံလွှတ်တော်အတွင်း နိုင်ငံရေးသမားတွေကြား ဒီဇင်ဘာလ ၂၆ ရက်နေ့က နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် နိုင်ငံ့ကိုယ်စားလှယ်ရွေးချယ်ရေး အစီအစဉ်အပေါ် ဒုဝန်ကြီးတွေ ရန်ပွဲဖြစ်ကြတာ ဖြစ်ပါတယ်။ Georgian politicians brawl in parliamentအကြီးတန်းလွှတ်တော်အမတ် တီနာ ခိဒါရှေလီက ညီညွတ်သော အမျိုးသားလှုပ်ရှားမှု ပါတီမှာ ခွဲတမ်းလျော့နေတယ်လို့ အဆိုပြုအပြီး ပါတီတွေရဲ့ ဝေစုခွဲတမ်းနဲ့ ပတ်သက်ပြီး ငြင်းခုံဆွေးနွေးရာမှာ သွေးဆူလာခဲ့ကြတာပါ။ သူက အတိုက်အခံတွေထဲမှာ အဖွဲ့ဝင်သစ်တွေ ရှိလို့ အမျိုးသားလှုပ်ရှားမှု ပါတီမှာ ခွဲတမ်းလျော့သင့်တယ်လို့ ပြောခဲ့တာပါ။ သူ့ကို အတိုက်အခံအဖွဲ့ဝင် အခါကီ ဘိုဘိုခီဇီက ကြားဖြတ်ပြောခဲ့ပြီး လက်ရှိညွှန့်ပေါင်းအစိုးရဟာ ရုရှားဘက်ကို သွားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံရေးသမားတွေက စားပွဲတွေပေါ်ကို ခုန်ကျော်ပြီး လက်သီးနဲ့ထိုးခဲ့ပြီး စကားပြောမိုက်ခွက်တွေကို တုတ်တွေအဖြစ် သုံးခဲ့ကြလို့ ငြင်းခုံမှုကနေ ရန်ပွဲဆီကို အမြန်ပြောင်းသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူ ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ လွှတ်တော်ပြောခွင့်ရက အစည်းအဝေးကို အမြန်ရပ်ဆိုင်းခဲ့ပြီး အစိုးရရုံးခန်းထဲကို လုံခြုံရေးနဲ့ ဆေးဘက်အဖွဲ့ဝင်တွေကို ဆင့်ခေါ်ခဲ့ရပါတယ်။ အချိန်ခဏ ရပ်နားအပြီး ဥရောပ ကိုယ်စားလှယ်ကောင်စီကို ခွဲတမ်းချရေး စည်းမျဉ်းသစ် အတွက် နိုင်ငံရေးသမားတွေက မဲပေးခဲ့ပါတယ်။ အဲဒီနောက် လွှတ်တော် အစည်းအဝေးကို ပြန်စခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up