A d v e r t i s e m e n t With Us

အိုင်ဗရီကို့စ် သမ္မတဟောင်းကတော်ကို ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုဖြင့် ရုံးတင်

သမ္မတဟောင်းကတော် ဆိုမိုနီ ဂျီဘာဂို (ဓာတ်ပုံ - ရိုက်တာ)
အရင် အိုင်ဗရီကို့စ်နိုင်ငံ သမ္မတဟောင်းကတော် ဆင်မိုနီ ဂျီဘာဂို ကို ၂၀၁၀ ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုတွေနဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ရုံးတင်ခဲ့ရပါတယ်။ သမ္မတဟောင်းကတော်နဲ့အတူ သမ္မတဟောင်းကို ထောက်ခံခဲ့တဲ့ အရပ်သား ၈၂ ဦးနဲ့ တခြားစစ်မှုထမ်းတွေလည်း ရုံးတင်ခဲ့ပြီး လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားခဲ့ပါတယ်။ အမှုကိုလည်း ရေဒီယိုကနေ တိုက်ရိုက်အသံလွှင့်ခဲ့ပါတယ်။ [caption id="attachment_75348" align="alignright" width="398"]သမ္မတဟောင်းကတော် ဆိုမိုနီ ဂျီဘာဂို (ဓာတ်ပုံ - ရိုက်တာ) သမ္မတဟောင်းကတော် ဆိုမိုနီ ဂျီဘာဂို (ဓာတ်ပုံ - ရိုက်တာ)[/caption] နိုင်ငံတော်လုပ်ကြံမှုဖြစ်တာကြောင့် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး အနှစ် ၂၀ ကနေ ထောင်ဒဏ်တသက်အထိ ကျနိုင်တယ်လို့ အစိုးရရှေ့နေက ပြောဆိုပါတယ်။ ခင်ပွန်းသည် သမ္မတဟောင်း လော့ရန့် ဂျီဘာဂိုက ၂၀၁၀ ရွေးကောက်ပွဲမဲရလဒ်ကို လက်မခံခဲ့တဲ့အတွက် အာဘိုင်ဂျန်မြို့တော်မှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီး လူ ၃၀၀၀ လောက် သေဆုံးခဲ့တာပါ။ တကယ်လို့ အဲဒီအချိန်က သမ္မတ လော့ရန့် ဂျီဘာဂိုသာ မဲရလဒ်ကိုလက်ခံပြီး အသာတကြည် ဆင်းပေးရင် လူ ၃၀၀၀ လောက် သေဆုံးခဲ့တဲ့ ပဋိပက္ခတွေကို ရှောင်လွှဲနိုင်တယ်လို့ အများက ယုံကြည်နေကြပါတယ်။ နောက်ဆုံးတော့လည်း ပြင်သစ်ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ သူပုန်တွေက ဖြုတ်ချလို့ ၂၀၁၁ မှာ ရာထူးက ဆင်းပေးခဲ့ရပါတယ်။ သမ္မတဟောင်း လော့ရန် ဂျီဘာဂို လည်း လူသားတွေအပေါ် ရာဇ၀တ်မှု ကျူးလွန်မှုနဲ့ နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့မှာ အမှုရင်ဆိုင်နေရပါတယ်။ သမ္မတဟောင်းကတော် ဆိုမိုနီ ဂျီဘာဂို ဟာ ၂၀၁၁ ဖမ်းဆီးခံရပြီးကတည်းက နိုင်ငံမြောက်ပိုင်းမှာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေပြီး ရုံးမတင်ခင် အာဘိုင်ဂျန်မြို့တော်ကို ခေါ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up